[Zawgyi]





Ref – GSM Arena

[Unicode]

မတ်လအတွင်းမှာ OnePlus 7 ဖုန်းအတွက် Render ပုံရိပ်တွေကိုတွေ့ခဲ့ရပြီး သူ့ရဲ့ဒီဇိုင်းကို အကြမ်းဖျင်း သိမြင်စေခဲ့ပါတယ်။ ယနေ့မှာတော့ 2019 မော်ဒယ် OnePlus Flagship စမတ်ဖုန်းအတွက် Case Render တွေကိုပါ ထပ်မံမြင်တွေ့ခဲ့ရပါပြီ။

OnePlus 7 အတွက် Case ပုံကြမ်းတွေမှာ နောက်ဘက်က Triple-camera နဲ့အတူ ရှေ့ဘက်မှာ Notch လုံးဝမပါတဲ့ Display တို့ကို တွေ့ရပါတယ်။ အလွန်ပါးလွှာတဲ့ Bezel ဘောင်တွေနဲ့ စမတ်ဖုန်းဟာ Pop-up ဆယ်ဖီကင်မရာကို အသုံးပြုလာမှာပါ။ အောက်ဘက် Chin ကတော့ အခြား Bezel တွေထက် အနည်းငယ် ပိုကြီးပေမယ့်လည်း ပါးလွှာနေတုန်းပါပဲ။

နောက်ထပ်ပြောင်းလဲမှုတစ်ခုကတော့ နောက်ကျောမှာ Fingerprint မပါဝင်တာကြောင့် OnePlus 7 ဖုန်းသစ်ဟာ OnePlus 6T လိုပဲ In-Display Fingerprint နဲ့ထွက်လာမယ်လို့ ယူဆရပါတယ်။

OnePlus 7 မှာ 6.5” လက်မအရွယ် Optic AMOLED Display ကိုအသုံးပြုလာမှာဖြစ်ပြီး Snapdragon 855 ချစ်ပ်ဆက် ပါဝင်မှာပါ။ မန်မိုရီက 8GB / 12 GB RAM နဲ့ 128 / 256 GB Storage တို့ဖြစ်မှာပါ။ 4,000 mAh ဘက္ထရီနဲ့အတူ 44W အားအမြန်သွင်းစနစ်လည်း ပါဝင်လာမှာဖြစ်ပါတယ်။

Ref – GSM Arena