[Zawgyi]

မတ္လရဲ႕ အေစာပိုင္းရက္ေတြတုန္းက OnePlus 7 ရဲ႕ Renders ဗြီဒီယို ထြက္ေပၚခဲ့ၿပီးေနာက္ အဆိုပါစမတ္ဖုန္းရဲ႕ ဒီဇိုင္းနဲ႔ Specs အခ်ိဳ႕ကို အနီးစပ္ဆုံး ခန႔္မွန္းႏိုင္ခဲ့ပါတယ္။ အခုေတာ့ OnePlus 7 ရဲ႕ Specs ေတြနဲ႔ ဓါတ္ပုံကို Giztop အမည္ရ လက္လီအေရာင္းဆိုင္က Website ေပၚတင္လိုက္တာေၾကာင့္ ေပါက္ၾကားသြားခဲ့ရၿပီျဖစ္ပါတယ္။

ေပါက္ၾကားလာတဲ့ ဓါတ္ပုံအရဆိုရင္ေတာ့ OnePlus 7 ဟာ Notch, Punch-hole ေတြ မပါဝင္တဲ့ မ်က္ႏွာျပင္အေနနဲ႔ ေတြ႕ျမင္ရပါတယ္။ ႀကိဳတင္သတင္းထြက္ထားတဲ့ Pop-up ကင္မရာကိုလည္း မေတြ႕ျမင္ရေပမယ့္ Specs ကို ေဖာ္ျပရာမွာ ေရးသားထားတဲ့စာေၾကာင့္ Pop-up ကင္မရာပါဝင္ေၾကာင္း အတည္ျပဳႏိုင္ခဲ့ပါတယ္။

မ်က္ႏွာျပင္ရဲ႕ ဘယ္ဘက္ျခမ္းကိုယ္ထည္မွာ အသံအတိုးအခ်ဲ႕လို႔ ဆိုရမယ့္ ခလုတ္ႏွစ္ခုကိုေတြ႕ရၿပီး ညာဘက္ကိုယ္ထည္ျခမ္းမွာေတာ့ အဖြင့္အပိတ္ခလုတ္ကို တပ္ဆင္ထားေပးတာ ေတြ႕ျမင္ရပါတယ္။ ပတ္ပတ္လည္ Bezels ေတြက်ဥ္းေျမာင္းေနသလို ေအာက္ေျခက Chin ကလည္း က်ဥ္းေျမာင္းတာကို ေတြ႕ရပါတယ္။

Giztop မွာ ေဖာ္ျပထားတဲ့ အခ်က္အလက္ေတြအရ OnePlus 7 ရဲ႕ မ်က္ႏွာျပင္ဟာ 6.5-inch အ႐ြယ္ AMOLED အမ်ိဳးအစား မ်က္ႏွာျပင္ျဖစ္ေၾကာင္း သိရပါတယ္။ Qualcomm Snapdragon 855 SoC ကို အသုံးျပဳထားၿပီး 8GB/12GB RAM နဲ႔ တြဲဖက္ထားတာလည္း ျဖစ္ပါတယ္။ သိုေလွာင္မႈပမာဏကေတာ့ 128GB နဲ႔ 256GB ႏွစ္မ်ိဳး ေ႐ြးခ်ယ္ႏိုင္မွာပါ။

ေက်ာဘက္မွာေတာ့ 48MP + 20MP + 5MP ကင္မရာသုံးလုံးတပ္ဆင္ေပးထားတယ္လို႔ သိရပါတယ္။ Pop-up Selfie ကင္မရာကေတာ့ 16MP ျဖစ္ပါတယ္။ ဒါ့အျပင္ OnePlus 7 ဟာ 4,000mAh ဘက္ထရီကို တပ္ဆင္ထားၿပီး 44W super fast Dash charging စနစ္လည္း ပါဝင္ေၾကာင္း သိရပါတယ္။ အသုံးျပဳထားတဲ့ OS ကေတာ့ Android 9.0 Pie ကို အေျခခံထားတဲ့ Oxygen OS 9 ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Snpadragon 855 နဲ့ 4,000mAh ဘက်ထရီ သုံးထားတဲ့ OnePlus 7 ရဲ့ Specs များပေါက်ကြားလာ

မတ်လရဲ့ အစောပိုင်းရက်တွေတုန်းက OnePlus 7 ရဲ့ Renders ဗွီဒီယို ထွက်ပေါ်ခဲ့ပြီးနောက် အဆိုပါစမတ်ဖုန်းရဲ့ ဒီဇိုင်းနဲ့ Specs အချို့ကို အနီးစပ်ဆုံး ခန့်မှန်းနိုင်ခဲ့ပါတယ်။ အခုတော့ OnePlus 7 ရဲ့ Specs တွေနဲ့ ဓါတ်ပုံကို Giztop အမည်ရ လက်လီအရောင်းဆိုင်က Website ပေါ်တင်လိုက်တာကြောင့် ပေါက်ကြားသွားခဲ့ရပြီဖြစ်ပါတယ်။

ပေါက်ကြားလာတဲ့ ဓါတ်ပုံအရဆိုရင်တော့ OnePlus 7 ဟာ Notch, Punch-hole တွေ မပါဝင်တဲ့ မျက်နှာပြင်အနေနဲ့ တွေ့မြင်ရပါတယ်။ ကြိုတင်သတင်းထွက်ထားတဲ့ Pop-up ကင်မရာကိုလည်း မတွေ့မြင်ရပေမယ့် Specs ကို ဖော်ပြရာမှာ ရေးသားထားတဲ့စာကြောင့် Pop-up ကင်မရာပါဝင်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

မျက်နှာပြင်ရဲ့ ဘယ်ဘက်ခြမ်းကိုယ်ထည်မှာ အသံအတိုးအချဲ့လို့ ဆိုရမယ့် ခလုတ်နှစ်ခုကိုတွေ့ရပြီး ညာဘက်ကိုယ်ထည်ခြမ်းမှာတော့ အဖွင့်အပိတ်ခလုတ်ကို တပ်ဆင်ထားပေးတာ တွေ့မြင်ရပါတယ်။ ပတ်ပတ်လည် Bezels တွေကျဉ်းမြောင်းနေသလို အောက်ခြေက Chin ကလည်း ကျဉ်းမြောင်းတာကို တွေ့ရပါတယ်။

Giztop မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ OnePlus 7 ရဲ့ မျက်နှာပြင်ဟာ 6.5-inch အရွယ် AMOLED အမျိုးအစား မျက်နှာပြင်ဖြစ်ကြောင်း သိရပါတယ်။ Qualcomm Snapdragon 855 SoC ကို အသုံးပြုထားပြီး 8GB/12GB RAM နဲ့ တွဲဖက်ထားတာလည်း ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏကတော့ 128GB နဲ့ 256GB နှစ်မျိုး ရွေးချယ်နိုင်မှာပါ။

ကျောဘက်မှာတော့ 48MP + 20MP + 5MP ကင်မရာသုံးလုံးတပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ Pop-up Selfie ကင်မရာကတော့ 16MP ဖြစ်ပါတယ်။ ဒါ့အပြင် OnePlus 7 ဟာ 4,000mAh ဘက်ထရီကို တပ်ဆင်ထားပြီး 44W super fast Dash charging စနစ်လည်း ပါဝင်ကြောင်း သိရပါတယ်။ အသုံးပြုထားတဲ့ OS ကတော့ Android 9.0 Pie ကို အခြေခံထားတဲ့ Oxygen OS 9 ဖြစ်ပါတယ်။

Ref: GSMArena