OnePlus က ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ OnePlus 7 နဲ့ 7 Pro အတွက် Android 10  Update ကို ဖြန့်ချိပေးခဲ့ပြီး အခုတော့ OnePlus 7 Pro 5G အလှည့်ရောက်လာပါပြီ။ ကုမ္ပဏီက အဲဒီ စမတ်ဖုန်းအတွက် ၂၀၂၀ ခုနှစ် ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလနဲ့ မတ်လအတွင်းမှာ နောက်ဆုံးထုတ် Android Update ကို ဖြန့်ချိပေးမယ်လို့ ကြေညာလိုက်ပါတယ်။

OnePlus 7 Pro အတွက် Update မှာ Android 10 ရဲ့ အလန်းစား လုပ်ဆောင်ချက်တွေ ပါလာပြီး UI အသစ် ထည့်သွင်းထားပါတယ်။ Privacy အတွက် Location Permissions ပိုကောင်းလာပြီး အောက်မှာ Changelog အပြည့်အစုံကို လေ့လာနိုင်ပါတယ်။

OnePlus က Update ကို တစ်ဆင့်ချင်း ဖြန့်ချိမှာ ဖြစ်ပြီး အစောပိုင်းမှာ အရေအတွက် အကန့်အသတ်နဲ့ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Bugs ကြီးကြီးမားမား မရှိရင် လာမယ့် ရက်ပိုင်းအတွင်းမှာ တိုးချဲ့ဖြန့်ချိပေးမှာပါ။ Update အစောဆုံးရမယ့် နိုင်ငံကို မသိရသေးပေမယ့် OnePlus က ဥရောပမှာ Android 10 ကို ကွာတား ၁ မှာ ဖြန့်ချိပေးမယ်လို့ ပြောထားဖူးပါတယ်။

Ref : gsmarena