[Zawgyi]

OnePlus 7 Pro ကို ၿပီးခဲ့တဲ့ ေမလလယ္တုန္းက တရားဝင္ မိတ္ဆက္ခဲ့တာပါ။ 6.67-inch QHD+ resolution, 90Hz refresh rate နဲ႔ ဒီစမတ္ဖုန္းဟာ ေက်ာဘက္မွာ 48MP ကင္မရာအျပင္ 16MP Ultrawide နဲ႔ 8MP Telephoto (3x Optical Zoom) တို႔ကိုပူးတြဲၿပီး ကင္မရာသုံးလုံး တပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။

OnePlus 7 Pro ကို အျခားအမွတ္တံဆိပ္ေတြနဲ႔ ႏႈိင္းယွဥ္တဲ့ Review ေတြလည္း ရွိခဲ့ပါတယ္။ အထူးသျဖင့္ ကိုရီးယားရဲ႕ ဧရာမအမွတ္တံဆိပ္ျဖစ္တဲ့ Samsung ရဲ႕ ထုတ္ကုန္ေတြနဲ႔ ျဖစ္ပါတယ္။ ဒါေပမယ့္ OnePlus 7 Pro ဟာ တ႐ုတ္ျပည္တြင္းေဈးကြက္မွာေတာ့ ေအာင္ျမင္မႈေတြ အေတာ္ေလး ရရွိေနတဲ့ စမတ္ဖုန္းလည္း ျဖစ္ပါတယ္။

တ႐ုတ္ကလာတဲ့ သတင္းတစ္ခုအရ OnePlus 7 Pro ဟာ ၿပိဳင္ဘက္ Samsung Galaxy S10 Plus ထက္ ဆယ္ဆအထိ ေရာင္းအားေကာင္းတယ္လို႔ သိရပါတယ္။ အြန္လိုင္း လက္လီအေရာင္းဆိုင္ႀကီးျဖစ္တဲ့ JD.com ရဲ႕ ေရာင္းအားအခ်က္အလက္ေတြကို ၾကည့္တဲ့အခါ OnePlus 7 Pro အလုံးေရေပါင္း 250,372 လုံးေရာင္းခ်ရခ်ိန္မွာ Samsung ကေတာ့ Flagship အလုံးေရ 23,266 သာေရာင္းခ်ခဲ့တာကို ေတြ႕ရွိရပါတယ္။

ေရာင္းအားကြာျခားမႈကို အဓိကျဖစ္ေပၚေစတဲ့အခ်က္က ေဈးႏႈန္းလို႔ ေျပာရမွာပါ။ တ႐ုတ္ျပည္တြင္း ေဈးကြက္မွာ OnePlus 7 Pro 256GB ဟာ Samsung Galaxy S10 Plus 128GB ထက္ CNY2,490 (ျမန္မာေငြ ၅ သိန္းခြဲ) ဝန္းက်င္ေလာက္ ေဈးသက္သာေနတာေၾကာင့္လည္း ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

တရုတ်ပြည်ဈေးကွက်မှာ ဈေးနှုန်းကြောင့် Galaxy S10 Plus ထက် ဆယ်ဆနီးပါး ပိုရောင်းနေရတဲ့ OnePlus 7 Pro

OnePlus 7 Pro ကို ပြီးခဲ့တဲ့ မေလလယ်တုန်းက တရားဝင် မိတ်ဆက်ခဲ့တာပါ။ 6.67-inch QHD+ resolution, 90Hz refresh rate နဲ့ ဒီစမတ်ဖုန်းဟာ ကျောဘက်မှာ 48MP ကင်မရာအပြင် 16MP Ultrawide နဲ့ 8MP Telephoto (3x Optical Zoom) တို့ကိုပူးတွဲပြီး ကင်မရာသုံးလုံး တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

OnePlus 7 Pro ကို အခြားအမှတ်တံဆိပ်တွေနဲ့ နှိုင်းယှဉ်တဲ့ Review တွေလည်း ရှိခဲ့ပါတယ်။ အထူးသဖြင့် ကိုရီးယားရဲ့ ဧရာမအမှတ်တံဆိပ်ဖြစ်တဲ့ Samsung ရဲ့ ထုတ်ကုန်တွေနဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် OnePlus 7 Pro ဟာ တရုတ်ပြည်တွင်းဈေးကွက်မှာတော့ အောင်မြင်မှုတွေ အတော်လေး ရရှိနေတဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

တရုတ်ကလာတဲ့ သတင်းတစ်ခုအရ OnePlus 7 Pro ဟာ ပြိုင်ဘက် Samsung Galaxy S10 Plus ထက် ဆယ်ဆအထိ ရောင်းအားကောင်းတယ်လို့ သိရပါတယ်။ အွန်လိုင်း လက်လီအရောင်းဆိုင်ကြီးဖြစ်တဲ့ JD.com ရဲ့ ရောင်းအားအချက်အလက်တွေကို ကြည့်တဲ့အခါ OnePlus 7 Pro အလုံးရေပေါင်း 250,372 လုံးရောင်းချရချိန်မှာ Samsung ကတော့ Flagship အလုံးရေ 23,266 သာရောင်းချခဲ့တာကို တွေ့ရှိရပါတယ်။

ရောင်းအားကွာခြားမှုကို အဓိကဖြစ်ပေါ်စေတဲ့အချက်က ဈေးနှုန်းလို့ ပြောရမှာပါ။ တရုတ်ပြည်တွင်း ဈေးကွက်မှာ OnePlus 7 Pro 256GB ဟာ Samsung Galaxy S10 Plus 128GB ထက် CNY2,490 (မြန်မာငွေ ၅ သိန်းခွဲ) ဝန်းကျင်လောက် ဈေးသက်သာနေတာကြောင့်လည်း ဖြစ်ပါတယ်။

Ref: GSMArena