Zawgyi

ေနာက္ဆုံးေပၚစမတ္ဖုန္းတစ္လုံးျဖစ္တဲ့ OnePlus 7 Pro ဟာ လက္ရွိကမာၻေပၚမွာ အေက်ာ္ၾကားဆုံး ရုပ္ရွင္သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေရာဘတ္ေဒါင္းေနးဂ်ဴနီယာ ကို သူတုိ႔ရဲ႕ ပရုိမုိးရွင္းအတြက္ ခန္႔အပ္လိုက္ပါတယ္။ လက္ရွိအခ်ိန္မွာ ရုံဝင္ေငြအေကာင္းဆုံးစာရင္းကို ဦးေဆာင္ေနတဲ့ Avengers: Endgame ရုပ္ရွင္ကားမွာ Iron Man / Tony Stark အျဖစ္ ပါဝင္ခဲ့တဲ့ RDJ ဟာ OnePlus ရဲ႕ ပုံရိပ္ျမွင့္တင္ေရးမွာ ပါဝင္သြားမွာပါ။

မာဗယ္ရုပ္ရွင္ေတြမွာ ဆယ္စုႏွစ္တစ္ခုစာ ပါဝင္ခဲ့ၿပီး အေအာင္ျမင္ဆုံး စတားတစ္လက္အျဖစ္ ေရာက္ရွိလာခဲ့တဲ့ RDJ က နည္းပညာနယ္ပယ္မွာ သက္တမ္းႏုနယ္ေသးတဲ့ အမွတ္တံဆိပ္အသစ္ေတြကို ျမင္ေတြ႕ရတာ တကယ္ေကာင္းမြန္ေၾကာင္း၊ မၾကာခင္ထြက္လာမယ့္ ‘OnePlus 7 Pro’ ကို စမ္းသပ္ၾကည့္ရာမွာလဲ ဆန္းသစ္တဲ့ဒီဇုိင္းနဲ႔အတူ ပါဝင္လာတဲ့ အခ်က္အလက္ေတြက အမွန္တကယ္ ခ်ီးက်ဴးစရာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

ဒါဟာ RDJ အတြက္ေတာ့ ပထမဆုံးအၾကိမ္ စမတ္ဖုန္းတစ္လုံးကိုေၾကာ္ညာေပးရတာမဟုတ္ပါဘူး။ ဟုိးအရင္ကလည္း မာဗယ္ရဲ႕ Avengers: Age of Ultron ရုံတင္တဲ့ ကာလေလာက္မွာ HTC One စမတ္ဖုန္း တစ္လုံးကို ေၾကာ္ညာေပးခဲ့ပါေသးတယ္။

Ref – GSM Arena

Unicode

နောက်ဆုံးပေါ်စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ OnePlus 7 Pro ဟာ လက်ရှိကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရောဘတ်ဒေါင်းနေးဂျူနီယာ ကို သူတို့ရဲ့ ပရိုမိုးရှင်းအတွက် ခန့်အပ်လိုက်ပါတယ်။ လက်ရှိအချိန်မှာ ရုံဝင်ငွေအကောင်းဆုံးစာရင်းကို ဦးဆောင်နေတဲ့ Avengers: Endgame ရုပ်ရှင်ကားမှာ Iron Man / Tony Stark အဖြစ် ပါဝင်ခဲ့တဲ့ RDJ ဟာ OnePlus ရဲ့ ပုံရိပ်မြှင့်တင်ရေးမှာ ပါဝင်သွားမှာပါ။

မာဗယ်ရုပ်ရှင်တွေမှာ ဆယ်စုနှစ်တစ်ခုစာ ပါဝင်ခဲ့ပြီး အအောင်မြင်ဆုံး စတားတစ်လက်အဖြစ် ရောက်ရှိလာခဲ့တဲ့ RDJ က နည်းပညာနယ်ပယ်မှာ သက်တမ်းနုနယ်သေးတဲ့ အမှတ်တံဆိပ်အသစ်တွေကို မြင်တွေ့ရတာ တကယ်ကောင်းမွန်ကြောင်း၊ မကြာခင်ထွက်လာမယ့် ‘OnePlus 7 Pro’ ကို စမ်းသပ်ကြည့်ရာမှာလဲ ဆန်းသစ်တဲ့ဒီဇိုင်းနဲ့အတူ ပါဝင်လာတဲ့ အချက်အလက်တွေက အမှန်တကယ် ချီးကျူးစရာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါဟာ RDJ အတွက်တော့ ပထမဆုံးအကြိမ် စမတ်ဖုန်းတစ်လုံးကိုကြော်ညာပေးရတာမဟုတ်ပါဘူး။ ဟိုးအရင်ကလည်း မာဗယ်ရဲ့ Avengers: Age of Ultron ရုံတင်တဲ့ ကာလလောက်မှာ HTC One စမတ်ဖုန်း တစ်လုံးကို ကြော်ညာပေးခဲ့ပါသေးတယ်။

Ref – GSM Arena