OnePlus 7T/7T Pro မှာ Open Beta ထည့်ထားသူတွေအတွက် ကုမ္ပဏီက Open Beta 5 ကို ဖြန့်ချိပေးလိုက်ပါတယ်။ OnePlus 7/7 Pro ကိုင်ထားသူတွေဟာလည်း Open Beta 15 အသစ်ကို ရရှိမယ်လို့ ထင်ပါတယ်။

OnePlus 7T/7T Pro အတွက် Open Beta 5 ရဲ့ Change Log မှာ One-handed Mode ပါလာပြီး ဒီလုပ်ဆောင်ချက်ကို ဇန်နဝါရီလမှာ OnePlus 7 Series အတွက် ထည့်ထားပေးပြီးပါပြီ။ Settings > Buttons & Gestures > Quick Gestures မှာ Enable ပြုလုပ်ရမှာပါ။ ဖိုရမ်က သုံးစွဲသူ တချို့က ဒီလုပ်ဆောင်ချက်ကို လက်ရှိမှာ မရသေးဘူးလို့ ပြောပါတယ်။ ဒါဟာ Beta Version ဖြစ်တဲ့အတွက် ဒီလို အမှားတွေကို ဖော်ထုတ်တာ ဖြစ်နိုင်ပါတယ်။

Change Log မှာ Android 10 ရဲ့ Hearing Aid လုပ်ဆောင်ချက်အတွက် Audio Streaming ကို ထည့်ထားပါတယ်။ Step Counter က ပိုတိကျလာပြီး Dialing Interface မှာ မကြာခဏ ဖုန်းဆက်လေ့ရှိတဲ့ Contacts တွေကို လွယ်လွယ်ကူကူ တွေ့နိုင်ပါတယ်။ Update မှာ Notification Bar ကနေ Dark Mode ကို On လို့ရလာပြီး UI တချို့ကို ပြောင်းလဲထားပါတယ်။ ဥပမာ App Switcher မှာ Cards တွေရဲ့ Edges တွေကို ပြင်ဆင်ထားပါတယ်။

ဇွန်လအတွက် Android Security Patch ပါလာပြီး OnePlus က နည်းဗျူဟာ ပြောင်းလဲကာ Open Beta ကို ၁ လ ၁ ကြိမ်ပဲ ဖြန့်ချိပေးတော့မှာပါ။

Ref : gsmarena