အိန္ဒိယက OnePlus 7T နဲ့ 7T Pro တို့အတွက် နောက်ဆုံးထုတ် Oxygen OS ကို ဖြန့်ချိပေးလိုက်ပြီး Google ရဲ့ မေလအတွက် Security Patch လည်း ပါလာပါတယ်။ Oxygen OS 10.3.3 ဖြစ်ပြီး OnePlus Bullets Wireless Z နဲ့ Dolby Atmos Integration အသစ် ပါလာပါတယ်။ အသံချိန်ညှိမှု ပိုကောင်းလာပြီး ဘက်ထရီ သက်တမ်း ပိုကောင်းလာပါတယ်။ System Stability တိုးတက်လာပြီး Bugs တွေ ပြင်ဆင်ထားပါတယ်။

Update မှာ ကင်မရာ လုပ်ဆောင်ချက် အသစ် ၂ ခု ထည့်ထားပါတယ်။ OnePlus 7T နဲ့ 7T Pro ဟာ 960fps Slow-motion နဲ့ 720p Video တွေ ရိုက်ကူးလာနိုင်ပါတယ်။ ကင်မရာမှာ ဖုန်တင်နေရင် သုတ်ဖို့ သတိပေးတဲ့ လုပ်ဆောင်ချက်လည်း ထည့်သွင်းပေးထားပါတယ်။ OnePlus Forums မှ သုံးစွဲသူ ၁ ယောက်က 960fps Video Recording ဟာ ၁၀ စက္ကန့်ပဲ ရတယ်လို့ ပြောပါတယ်။

အဲဒီ လုပ်ဆောင်ချက်တွေဟာ 7T နဲ့ 7T Pro ရဲ့ Oxygen OS Open Beta မှာ ကတည်းက ပါလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Beta ရဲ့ Changelog မှာ မထည့်သွင်းထားပါဘူး။ ဘာပဲပြောပြော Oxygen OS ရဲ့ Final Build မှာ ပါလာတာ ဝမ်းသာစရာပါ။

Beta Build မှာ မြင်ကွင်းကျယ် ကင်မရာကနေ 4K Video ရိုက်ကူးနိုင်တဲ့ လုပ်ဆောင်ချက် ပါလာပြီး Changelog မှာ မဖော်ပြထားပါဘူး။ သင့် ဖုန်းမှာ Update ရပြီလားဆိုတာ စစ်ဆေးချင်ရင် Settings > System > System updates ထဲသွားပါ။ OnePlus က Update ကို တစ်သုတ်ချင်း ဖြန့်ချိပေးတတ်တဲ့အတွက် သင့်မှာ မရသေးရင် အချိန်ခဏ စောင့်ပေးပါ။ အဲဒီ Update ကို နိုင်ငံတကာအတွက် 10.0.11 Build Number နဲ့ ဖြန့်ချိမှာပါ။

Ref : gsmarena