[Zawgyi]

ၿပီးခဲ့တဲ့ ၁ ပတ္ဟာ OnePlus Fans ေတြအတြက္ ရင္ခုန္စရာ ရက္သတၱပတ္ ျဖစ္ခဲ့ၿပီး OnePlus က အလန္းစား ဖုန္း အသစ္ ၁ လံုးကို ေၾကညာခဲ့ပါတယ္။ အဲဒါကေတာ့ OnePlus 7T ျဖစ္ၿပီး အခုေတာ့ အဲဒီ ဖုန္းအတြက္ ပထမဆံုး Software Update ကို ကုမၸဏီက ျဖန္႔ခ်ိေပးလိုက္ပါတယ္။ OxygenOS 10.0.3 ျဖစ္ၿပီး Bug Fixes နဲ႔ တျခား တိုးတက္မႈေတြ ပါလာပါတယ္။ အလန္းဆံုးကေတာ့ ကင္မရာ လုပ္ေဆာင္ခ်က္ေတြ တိုးတက္လာတာပါ။ ဓါတ္ပံုအရည္အေသြး ပိုေကာင္းလာၿပီး ကင္မရာ စနစ္က ပိုတည္ၿငိမ္လာပါတယ္။ UI လည္း ပိုေကာင္းလာပါတယ္။

လုပ္ေဆာင္ခ်က္ေတြ ပိုလန္းလာတဲ့အတြက္ အဲဒီ Software Update ကို အျမန္ဆံုး ထည့္သြင္းပါလို႔ အၾကံေပးခ်င္ပါတယ္။ ဒါေပမယ့္ ဒါဟာ အေသးစား Update အဆင့္သာရွိပါတယ္။ OnePlus က အဲဒီ Update ကို ကမာၻအ၀န္းမွာ ျဖည္းျဖည္းခ်င္း ျဖန္႔ခ်ိေပးေနတဲ့ အတြက္ သင့္ ဖုန္းမွာ  မရေသးရင္ ရက္အနည္းငယ္ ေစာင့္ဆိုင္းရဦးမွာ ျဖစ္ပါတယ္။

OnePlus က  7T ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို မိတ္ဆက္ပြဲမွာ ေၾကညာခဲ့ေပမယ့္ အားလံုးကို မထည့္သြင္းေပးရေသးပါဘူး။ အဲဒီ အထဲမွာ Super Slow-Motion Video Recording လည္း ပါပါတယ္။ ဒီလုပ္ေဆာင္ခ်က္ကို ေနာက္ထုတ္မယ့္ Update ၁ ခုမွာ ထည့္သြင္းေပးေတာ့မွာ ျဖစ္ပါတယ္။ အလန္းစား အေႏွး ဗီဒီယိုေတြ ရိုက္ကူးခ်င္သူေတြအတြက္ ရွယ္ပါပဲ။

ကုမၸဏီက ဒီသတင္းကို မၾကာခင္က အတည္ျပဳခဲ့တာ ျဖစ္ၿပီး 720p 960fps Super Slow-Motion Video ေတြကို ဖမ္းယူေပးႏုိင္ပါတယ္။ 720p 480fps Video Recording ပါတဲ့ အရင္ OnePlus Phones ေတြထက္ တစ္ဆင့္ျမင့္သြားတာျဖစ္ပါတယ္။ ဒါေပမယ့္ OnePlus 7T ရဲ႕ ဆန္ဆာက တစ္စကၠန္႔မွာ ၉၆၀ ဖရိမ္ကို ဖမ္းယူေပးႏုိင္ျခင္း မရွိပါဘူး။ အဲဒီအတြက္ ေဆာ့ဖ္၀ဲ လုပ္ေဆာင္ခ်က္နဲ႔ ပံ့ပိုးေပးထားႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

ဓါတ်ပုံအရည်အသွေး ပိုလန်းလာတဲ့ OnePlus 7T

ပြီးခဲ့တဲ့ ၁ ပတ်ဟာ OnePlus Fans တွေအတွက် ရင်ခုန်စရာ ရက်သတ္တပတ် ဖြစ်ခဲ့ပြီး OnePlus က အလန်းစား ဖုန်း အသစ် ၁ လုံးကို ကြေညာခဲ့ပါတယ်။ အဲဒါကတော့ OnePlus 7T ဖြစ်ပြီး အခုတော့ အဲဒီ ဖုန်းအတွက် ပထမဆုံး Software Update ကို ကုမ္ပဏီက ဖြန့်ချိပေးလိုက်ပါတယ်။ OxygenOS 10.0.3 ဖြစ်ပြီး Bug Fixes နဲ့ တခြား တိုးတက်မှုတွေ ပါလာပါတယ်။ အလန်းဆုံးကတော့ ကင်မရာ လုပ်ဆောင်ချက်တွေ တိုးတက်လာတာပါ။ ဓါတ်ပုံအရည်အသွေး ပိုကောင်းလာပြီး ကင်မရာ စနစ်က ပိုတည်ငြိမ်လာပါတယ်။ UI လည်း ပိုကောင်းလာပါတယ်။

လုပ်ဆောင်ချက်တွေ ပိုလန်းလာတဲ့အတွက် အဲဒီ Software Update ကို အမြန်ဆုံး ထည့်သွင်းပါလို့ အကြံပေးချင်ပါတယ်။ ဒါပေမယ့် ဒါဟာ အသေးစား Update အဆင့်သာရှိပါတယ်။ OnePlus က အဲဒီ Update ကို ကမ္ဘာအဝန်းမှာ ဖြည်းဖြည်းချင်း ဖြန့်ချိပေးနေတဲ့ အတွက် သင့် ဖုန်းမှာ မရသေးရင် ရက်အနည်းငယ် စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

OnePlus က 7T ရဲ့ လုပ်ဆောင်ချက်တွေကို မိတ်ဆက်ပွဲမှာ ကြေညာခဲ့ပေမယ့် အားလုံးကို မထည့်သွင်းပေးရသေးပါဘူး။ အဲဒီ အထဲမှာ Super Slow-Motion Video Recording လည်း ပါပါတယ်။ ဒီလုပ်ဆောင်ချက်ကို နောက်ထုတ်မယ့် Update ၁ ခုမှာ ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ အလန်းစား အနှေး ဗီဒီယိုတွေ ရိုက်ကူးချင်သူတွေအတွက် ရှယ်ပါပဲ။

ကုမ္ပဏီက ဒီသတင်းကို မကြာခင်က အတည်ပြုခဲ့တာ ဖြစ်ပြီး 720p 960fps Super Slow-Motion Video တွေကို ဖမ်းယူပေးနိုင်ပါတယ်။ 720p 480fps Video Recording ပါတဲ့ အရင် OnePlus Phones တွေထက် တစ်ဆင့်မြင့်သွားတာဖြစ်ပါတယ်။ ဒါပေမယ့် OnePlus 7T ရဲ့ ဆန်ဆာက တစ်စက္ကန့်မှာ ၉၆၀ ဖရိမ်ကို ဖမ်းယူပေးနိုင်ခြင်း မရှိပါဘူး။ အဲဒီအတွက် ဆော့ဖ်ဝဲ လုပ်ဆောင်ချက်နဲ့ ပံ့ပိုးပေးထားနိုင်ပါတယ်။

Ref : gsmarena