Unicode

OnePlus ဟာ ပုံမှန်အားဖြင့် Flagship Specs တွေကို တခြားသော Flagship ဖုန်းတွေထက် ပိုသက်သာတဲ့ စမတ်ဖုန်းတွေကိုပဲ ထုတ်လုပ်နေကြဖြစ်ပါတယ်။ ဒါပေမယ့်လာမယ့် ၂၀၂၀ ခုနှစ်မှာတော့ OnePlus အနေနဲ့ ၄ နှစ်အတွင်းမှာ ပထမဆုံးအနေနဲ့ Mid Range ဖုန်းတစ်လုံးကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

OnePlus ရဲ့ အခု Mid Range ဖုန်းဟာ OnePlus 8 Lite ဖြစ်လာပြီးတော့ OnLeaks ကနေ Render ဓါတ်ပုံတွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီ Render ဓါတ်ပုံတွေအရတော့ OnePlus 8 Lite ဟာ Mid Range ဖုန်းတစ်ခုအနေနဲ့ Premium ဆန်တဲ့ Body အပြင် Hold-punch Display ၊ Quad Camera Setup ကို အသုံးပြုလာတာကို တွေ့ရပါတယ်။ Fingerprint Sensor ကိုလည်း တွေ့ရှိရခြင်းမရှိတဲ့အတွက် Under-display Fingerprint Sensor ကိုပဲ အသုံးပြုလာမယ့် ပုံစံပါပဲ။

ဒါပေမယ့် အဆိုပါ OnePlus 8 Lite စမတ်ဖုန်းနဲ့ ပတ်သတ်တဲ့ Specification တွေကိုတော့ အခုအချိန်အထိ သိရှိရခြင်းမသိသေးပါဘူး။ OnePlus အနေနဲ့ ယခင်တုန်းကတော့ OnePlus X ဆိုပြီး Mid Range တစ်လုံးကို Snapdragon 801 Processor အဟောင်းကိုပြန်သုံးပြီး မိတ်ဆက်ခဲ့ဖူးတဲ့အတွက် ဒီ OnePlus 8 Lite ကလည်း Mid Range Snapdragon Processor အသစ်တွေအစား Snapdragon 845 လိုမျိုး Flagship Processor အဟောင်းကိုပဲ အသုံးပြုလာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီ OnePlus 8 Lite ဖုန်းဟာ OnePlus 8 နဲ့ OnePlus 8 Pro ဖုန်းတွေလိုပဲ ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်ပိုင်းမှာပဲ မိတ်ဆက်လာမှာဖြစ်ပြီးတော့ 90Hz Refresh Rate Display သာ ပါဝင်မယ်ဆိုရင် လာမယ့်နှစ် Mid Range ဖုန်းတွေထဲမှာ ရွေးချယ်စရာဖုန်းတစ်လုံးဖြစ်လာဦးမှာပါ။

Ref – XDA Developer

Zawgyi






Ref – XDA Developer