[Unicode]

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက OnePlus 8 နဲ့ OnePlus 8 Pro တွေရဲ့ Renders ပုံရိပ်တွေကို တွေ့မြင်ခဲ့ကြရပါတယ်။ OnePlus 8 နဲ့ 8 Pro တို့ကို လာမယ့် ၂၀၂၀ ပြည့်နှစ်ရဲ့ ဒုတိယသုံးလပတ်ထဲမှာ တရားဝင် မိတ်ဆက်မယ်လို့တော့ သတင်းထွက်ထားတာပါ။

အခု ဒီဇင်ဘာလရဲ့ ဒုတိယပတ်အစမှာပဲ OnePlus 8 မျိုးကွဲသစ်တစ်ခုအဖြစ် Lite အမျိုးအစားအတွက် Renders ပုံရိပ်တွေ ထွက်လာတာကို တွေ့ကြရပြန်ပြီ ဖြစ်ပါတယ်။ ပေါက်ကြားသတင်းတွေမှာ နာမည်လည်းကြီးသလို၊ ယုံကြည်စိတ်ချရမှုလည်းရှိတဲ့ OnLeaks က ထုတ်ပြလိုက်တဲ့ Renders တွေအရ OnePlus 8 Lite ဟာ Vanilla 8 နဲ့ ကွဲပြားခြားနားတဲ့ ပုံစံကို တွေ့မြင်ရပါတယ်။

OnePlus 8 Lite ဟာ Flat display ဖြစ်ပြီး Bezels တွေကလည်း အနည်းငယ် ပိုထူပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်ဘက်ထိပ်မှာတော့ Punch-hole နဲ့အတူ ကင်မရာတစ်လုံး တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ 6.4-inch ကနေ 6.5-inch ကြား ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ကျောဘက်မှာတော့ ထောင့်မှန်စတုဂံပုံစံ ကင်မရာဘောင် ဖန်တီးထားပြီး၊ အထဲမှာ ကင်မရာနှစ်လုံး၊ LED ဖလက်ရှ်နဲ့ ToF sensor တို့ ပါဝင်ဖွဲ့စည်းထားပါတယ်။ ကျောဘက်ကိုယ်ထည်မှာ Fingerprint အတွက်နေရာ မရှိပါဘူး။ ဒါကြောင့် Under-display fingerprint ဖြစ်ဖို့ မျှော်လင့်ရပါတယ်။ ကောလာဟလအရတော့ မျက်နှာပြင်ဟာ AMOLED ဖြစ်ပြီး 90Hz refresh rate ဖြစ်မယ်လို့ ဆိုပါတယ်။

OnePlus 8 နဲ့ 8 Pro တို့လိုပဲ ခလုတ်တွေ၊ SIM slot, USB-C port၊ စပီကာ၊ စတာတွေ တွေနေရာချထားပုံ တူညီပါတယ်။ ဒါပေမယ့် OnePlus 8 Lite ကတော့ Vanilla 8 ထက် ထူပြီး၊ Pro အမျိုးအစားထက် ပါးတယ်လို့ သိရပါတယ်။ OnePlus 8 Lite ဟာ Mid-range အနေနဲ့ ထွက်လာဖွယ်ရှိတာကြောင့် SoC ပိုင်းမှာတော့ နောက်ဆုံးပေါ်ကို မျှော်လင့်ထားလို့မရပါဘူး။

Ref: GSM Arena

[Zawgyi]

OnePlus 8 Lite ရဲ႕ Renders ပုံရိပ္မ်ား ေပၚထြက္လာ

ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက OnePlus 8 နဲ႔ OnePlus 8 Pro ေတြရဲ႕ Renders ပုံရိပ္ေတြကို ေတြ႕ျမင္ခဲ့ၾကရပါတယ္။ OnePlus 8 နဲ႔ 8 Pro တို႔ကို လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ရဲ႕ ဒုတိယသုံးလပတ္ထဲမွာ တရားဝင္ မိတ္ဆက္မယ္လို႔ေတာ့ သတင္းထြက္ထားတာပါ။

အခု ဒီဇင္ဘာလရဲ႕ ဒုတိယပတ္အစမွာပဲ OnePlus 8 မ်ိဳးကြဲသစ္တစ္ခုအျဖစ္ Lite အမ်ိဳးအစားအတြက္ Renders ပုံရိပ္ေတြ ထြက္လာတာကို ေတြ႕ၾကရျပန္ၿပီ ျဖစ္ပါတယ္။ ေပါက္ၾကားသတင္းေတြမွာ နာမည္လည္းႀကီးသလို၊ ယုံၾကည္စိတ္ခ်ရမႈလည္းရွိတဲ့ OnLeaks က ထုတ္ျပလိုက္တဲ့ Renders ေတြအရ OnePlus 8 Lite ဟာ Vanilla 8 နဲ႔ ကြဲျပားျခားနားတဲ့ ပုံစံကို ေတြ႕ျမင္ရပါတယ္။

OnePlus 8 Lite ဟာ Flat display ျဖစ္ၿပီး Bezels ေတြကလည္း အနည္းငယ္ ပိုထူပါတယ္။ မ်က္ႏွာျပင္ရဲ႕ ဘယ္ဘက္ထိပ္မွာေတာ့ Punch-hole နဲ႔အတူ ကင္မရာတစ္လုံး တပ္ဆင္ထားပါတယ္။ မ်က္ႏွာျပင္အ႐ြယ္အစားကေတာ့ 6.4-inch ကေန 6.5-inch ၾကား ရွိမယ္လို႔ ခန႔္မွန္းရပါတယ္။

ေက်ာဘက္မွာေတာ့ ေထာင့္မွန္စတုဂံပုံစံ ကင္မရာေဘာင္ ဖန္တီးထားၿပီး၊ အထဲမွာ ကင္မရာႏွစ္လုံး၊ LED ဖလက္ရွ္နဲ႔ ToF sensor တို႔ ပါဝင္ဖြဲ႕စည္းထားပါတယ္။ ေက်ာဘက္ကိုယ္ထည္မွာ Fingerprint အတြက္ေနရာ မရွိပါဘူး။ ဒါေၾကာင့္ Under-display fingerprint ျဖစ္ဖို႔ ေမွ်ာ္လင့္ရပါတယ္။ ေကာလာဟလအရေတာ့ မ်က္ႏွာျပင္ဟာ AMOLED ျဖစ္ၿပီး 90Hz refresh rate ျဖစ္မယ္လို႔ ဆိုပါတယ္။

OnePlus 8 နဲ႔ 8 Pro တို႔လိုပဲ ခလုတ္ေတြ၊ SIM slot, USB-C port၊ စပီကာ၊ စတာေတြ ေတြေနရာခ်ထားပုံ တူညီပါတယ္။ ဒါေပမယ့္ OnePlus 8 Lite ကေတာ့ Vanilla 8 ထက္ ထူၿပီး၊ Pro အမ်ိဳးအစားထက္ ပါးတယ္လို႔ သိရပါတယ္။ OnePlus 8 Lite ဟာ Mid-range အေနနဲ႔ ထြက္လာဖြယ္ရွိတာေၾကာင့္ SoC ပိုင္းမွာေတာ့ ေနာက္ဆုံးေပၚကို ေမွ်ာ္လင့္ထားလို႔မရပါဘူး။

Ref: GSM Arena