[Zawgyi]

OnePlus ေနာက္ႏွစ္မွာ ထုတ္မယ့္ စြမ္းရည္ျမင့္ ဖုန္းေတြက OnePlus 8 နဲ႔ OnePlus 8 Pro တို႔ ျဖစ္ပါတယ္။ အဲဒီ ဖုန္းေတြကို ေၾကညာဖို႔ အခ်ိန္အေစာႀကီးရွိေသးေပမယ့္ ဒီလ အေစာပိုင္းက အဲဒီ ဖုန္းေတြရဲ႕ ဓါတ္ပံုေတြ ေပါက္ၾကားထြက္ေပၚလာပါတယ္။ အခုေတာ့ နာမည္ေက်ာ္ Tipster ၁ ေယာက္က အဲဒီ ဖုန္းေတြကို လာမယ့္ႏွစ္ ကြာတား ၂ ျဖစ္တဲ့ ဧၿပီလနဲ႔ ဇြန္လအတြင္းမွာ ေၾကညာမယ္လို႔ သတင္းေပးလိုက္ပါတယ္။

OnePlus 7 နဲ႔ OnePlus 7 Pro ကို ဒီႏွစ္ ေမလမွာ မိတ္ဆက္ခဲ့တာပါ။ လာမယ့္္ႏွစ္မွာလည္း OnePlus 8 Series ေတြကို အဲဒီလမွာပဲ ျမင္ရႏုိင္ပါတယ္။ Tipster က OnePlus 8 Phones ေတြရဲ႕ Specs ေတြကို မေျပာေသးပါဘူး။ ထြက္ေပၚခဲ့ဖူးတဲ့ ဓါတ္ပံုေတြအရ OnePlus 8 ရဲ႕ အရြယ္အစား အျပည့္အစံုဟာ 160.2 x 72.9 x 8.1mm နဲ႔ OnePlus 8 Pro ဟာ 165.3 x 74.4 x 8.8mm ျဖစ္ပါတယ္။

OnePlus 8 မွာ ၆.၅ လက္မ မ်က္ႏွာျပင္နဲ႔ Pro မွာ ၆.၆၅ လက္မ မ်က္ႏွာျပင္ ပါလာႏုိင္ပါတယ္။ ကုမၸဏီက အဲဒီ ဖုန္းေတြမွာ 90Hz Refresh Rate Display ပါမယ္လို႔ အတည္ျပဳထားပါတယ္။ Punch-hole ပါတဲ့ AMOLED Display ေတြ ျဖစ္ႏုိင္ၿပီး မ်က္ႏွာျပင္ေအာက္လက္ေဗြရာ ကိရိယာ ပါလာႏိုင္ပါတယ္။ OnePlus 8 မွာ HD+ Resolution နဲ႔ Pro မွာ Quad HD+ Resolution ထည့္ထားမွာပါ။

OnePlus 8 ရဲ႕ အေနာက္ဘက္မွာ ကင္မရာ ၃ လံုးကို ေဒါင္လိုက္တပ္ဆင္ထားၿပီး Pro ရဲ႕ အေနာက္ဘက္မွာ ကင္မရာ ၄ လံုးကို ေဒါင္လိုက္တပ္ဆင္ထားတာကို ဓါတ္ပံုေတြမွာ ေတြ႕ရပါတယ္။ ဖုန္း ၂ လံုးစလံုးမွာ ဒီဇင္ဘာလမွာ ေၾကညာမယ္လို႔ထင္ရတဲ့ အလန္းစား Snapdragon 865 ပါလာႏုိင္ပါတယ္။ 12GB RAM နဲ႔ 256GB Storage အထိ ေရြးခ်ယ္ႏုိင္ၿပီး Android 10 အေျချပဳ OxygenOS 10 ထည့္ထားႏုိင္ပါတယ္။ တခ်ိဳ႕ႏုိင္ငံေတြမွာ 5G Model ကို ေရာင္းႏုိင္ပါတယ္။ OnePlus 8 Series ေတြဟာ Wireless Charging ပါတဲ့ ကုမၸဏီရဲ႕ ပထမဆံုး ဖုန္းေတြျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။

Ref : gizmochina

[Unicode]

OnePlus 8 နဲ့ OnePlus 8 Pro ကို ၂၀၂၀ ခုနှစ် Q2 မှာ ကြေညာနိုင်

OnePlus နောက်နှစ်မှာ ထုတ်မယ့် စွမ်းရည်မြင့် ဖုန်းတွေက OnePlus 8 နဲ့ OnePlus 8 Pro တို့ ဖြစ်ပါတယ်။ အဲဒီ ဖုန်းတွေကို ကြေညာဖို့ အချိန်အစောကြီးရှိသေးပေမယ့် ဒီလ အစောပိုင်းက အဲဒီ ဖုန်းတွေရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အခုတော့ နာမည်ကျော် Tipster ၁ ယောက်က အဲဒီ ဖုန်းတွေကို လာမယ့်နှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လအတွင်းမှာ ကြေညာမယ်လို့ သတင်းပေးလိုက်ပါတယ်။

OnePlus 7 နဲ့ OnePlus 7 Pro ကို ဒီနှစ် မေလမှာ မိတ်ဆက်ခဲ့တာပါ။ လာမယ့်နှစ်မှာလည်း OnePlus 8 Series တွေကို အဲဒီလမှာပဲ မြင်ရနိုင်ပါတယ်။ Tipster က OnePlus 8 Phones တွေရဲ့ Specs တွေကို မပြောသေးပါဘူး။ ထွက်ပေါ်ခဲ့ဖူးတဲ့ ဓါတ်ပုံတွေအရ OnePlus 8 ရဲ့ အရွယ်အစား အပြည့်အစုံဟာ 160.2 x 72.9 x 8.1mm နဲ့ OnePlus 8 Pro ဟာ 165.3 x 74.4 x 8.8mm ဖြစ်ပါတယ်။

OnePlus 8 မှာ ၆.၅ လက်မ မျက်နှာပြင်နဲ့ Pro မှာ ၆.၆၅ လက်မ မျက်နှာပြင် ပါလာနိုင်ပါတယ်။ ကုမ္ပဏီက အဲဒီ ဖုန်းတွေမှာ 90Hz Refresh Rate Display ပါမယ်လို့ အတည်ပြုထားပါတယ်။ Punch-hole ပါတဲ့ AMOLED Display တွေ ဖြစ်နိုင်ပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။ OnePlus 8 မှာ HD+ Resolution နဲ့ Pro မှာ Quad HD+ Resolution ထည့်ထားမှာပါ။

OnePlus 8 ရဲ့ အနောက်ဘက်မှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပြီး Pro ရဲ့ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားတာကို ဓါတ်ပုံတွေမှာ တွေ့ရပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ ဒီဇင်ဘာလမှာ ကြေညာမယ်လို့ထင်ရတဲ့ အလန်းစား Snapdragon 865 ပါလာနိုင်ပါတယ်။ 12GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်ပြီး Android 10 အခြေပြု OxygenOS 10 ထည့်ထားနိုင်ပါတယ်။ တချို့နိုင်ငံတွေမှာ 5G Model ကို ရောင်းနိုင်ပါတယ်။ OnePlus 8 Series တွေဟာ Wireless Charging ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်းတွေဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina