OnePlus ရဲ့ ဒီနှစ်အတွက် Flagship ဖုန်းအသစ်တွေဖြစ်တဲ့ OnePlus 8 Series စမတ်ဖုန်းတွေဟာ လက်ရှိသိရှိထားရတဲ့သတင်းတွေအရ မတ်လကုန်ဝန်းကျင်မှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုလည်း ဒီ OnePlus 8 Pro ဖုန်းမှာပါဝင်လာမယ့် အချက်အလက်အချို့ထွက်ပေါ်လာပြန်ပါပြီ။

အခုထွက်ပေါ်လာတဲ့သတင်းတွေကိုတော့ The Droid Leaks ကနေ ဖော်ပြထားခဲ့တာဖြစ်ပြီး OnePlus 8 Pro စမတ်ဖုန်းမှာ Qualcomm Snapdragon 865 Processor ၊ RAM 8GB နဲ့ 128GB သို့မဟုတ် 256GB Storage ကနေ စတင်ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Display အနေနဲ့တော့ 6.5″ ရှိပြီး 120Hz Refresh Rate ကို Support ပြုလုပ်တဲ့ AMOLED Display ကို သုံးစွဲလာမှာပါ။ ဒါတင်မဟုတ်သေးဘဲ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က 4500mAh Battery ကိုမှ 50W Fast Charging နည်းပညာအသစ်ပါဝင်လာမှာဖြစ်ပါတယ်။

နောက်ထပ်လည်း Render ပုံအသစ်တစ်ခုကိုပါ ထုတ်ပြခဲ့ပြီး အဆိုပါပုံအရ OnePlus 8 Pro စမတ်ဖုန်းမှာ အစိမ်းရောင်ကို အရောင်အသစ်အနေနဲ့ ရရှိလာမယ့်ပုံစံပါပဲ။ ဒါပေမယ့် အဆိုပါအစိမ်းရောင်ဟာ အစိမ်းဖျော့ရောင်ဖြစ်ပြီးတော့ Apple iPhone 11 Pro ဖုန်းတွေလိုမျိုး Midnight Green အရောင်နဲ့တော့ ဆင်တူခြင်းမရှိပါဘူး။

OnePlus က လောလောဆယ်မှာ 120Hz QHD+ AMOLED Display ကို OnePlus 8 Series စမတ်ဖုန်းတွေမှာ အသုံးပြုထားမယ်ဆိုတာကို အတည်ပြုထားပြီးဖြစ်ပေမယ့် ကျန်တဲ့ Design ပိုင်းနဲ့ Specification ပိုင်းကိုတော့ အတည်ပြုထားခြင်းမရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် OnePlus 8 Series စမတ်ဖုန်းတွေဟာ Samsung Galaxy S20 Series ၊ Xiaomi Mi 10 Series ၊ OPPO Find X2 လိုမျိုး Flagship ဖုန်းတွေထက် ၁ လလောက်နောက်ကျပြီးမှ မိတ်ဆက်မှာဖြစ်တဲ့အတွက် ဘယ်လို Feature အသစ်တွေပါဝင်လာနိုင်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena