Unicode

အခုနှစ်ကိုတော့ OnePlus ဟာ စမတ်ဖုန်းသစ်သုံးမျိုးကို တပြိုင်တည်း မိတ်ဆက်ခြင်းဖြင့် ဖွင့်လှစ်လာမှာဖြစ်ပြီး သူ့ရဲ့ သိပ်မကြာလှသေးတဲ့ ကုမ္ပဏီသက်တမ်းတလျှောက်မှာ ပထမဆုံးအကြိမ်ဖြစ်လာမှာပါ။ အလယ်အလတ် မော်ဒယ်လို့ ဆိုရမယ့် OnePlus 8 ဟာ ယနေ့မှာ အိန္ဒိယ BIS အတည်ပြုချက်ကို ရရှိခဲ့ပြီး OnePlus 8 Pro ကလည်း Geekbench မှာ အစမ်းသပ်ခံခဲ့ပါတယ်။

OnePlus 8 ဖုန်းကို မော်ဒယ်နံပါတ် IN2011 လို့သတ်မှတ်ထားကာ သူ့ရဲ့ Pro ဗားရှင်းလိုပဲ နောက်ဘက်မှာ ကင်မရာလေးလုံး (Quad-cam) ပါဝင်လာမှာဖြစ်ပါတယ်။ ဖုန်းသုံးလုံးကတော့ OnePlus 8 Pro, OnePlus 8 နဲ့ 8 Lite ဆိုပြီး ထွက်လာမှာပါ။

OnePlus 8 Pro ရဲ့မော်ဒယ်နံပါတ်က IN2023 ဖြစ်ပြီး Geekbench ရဲ့ Database ပေါ်မှာ မြင်တွေ့ခဲ့ရပါတယ်။ ဒီဖုန်းမှာ Android 10 OS တစ်ခါတည်း အသုံးပြုလာမှာဖြစ်ပြီး ကုဒ်နာမည် “Kona” လို့ဖော်ပြထားတဲ့ Snapdragon 865 ချစ်ပ်ဆက်ကိုတော့ 12GB RAM နဲ့ တွဲဖက်လာမှာဖြစ်ပါတယ်။

ယမန်နေ့ကတော့ OnePlus က ဒီဖုန်းအသစ်တွေမှာ 120Hz OLED Display ပါလာမယ်လို့ Tease လုပ်ခဲ့ပေမယ့် တကယ်တမ်း Pro ဗားရှင်းတစ်ခုထဲမှာသာ 120Hz Refresh Rate နဲ့ Display ကိုမြင်ရဖို့ရှိပြီး ကျန်တဲ့နှစ်မျိုးမှာ 90Hz သာ ပါလာဖို့က ပိုများပါတယ်။

OnePlus 8 Lite ဟာ အားလုံးထဲမှာ ဈေးအချိုဆုံးဖြစ်လာနိုင်ပြီး သိပ်အာရုံစိုက်မခံရပေမယ့် သူ့မှာလည်း နောက်ဘက် Triple-camera နဲ့ Specs အရမ်းမကွာတဲ့ ဖုန်းဖြစ်မှာပါ။ 8 Lite ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Qualcomm ချစ်ပ်ဆက် မသုံးတဲ့ ဟန်းဆက်ဖြစ်လာနိုင်ပြီး MediaTek Dimensity 800 5G ချစ်ပ်ဆက်ကို အသုံးပြုလာမယ်လို့ သတင်းထွက်နေပါတယ်။

Ref – GSM Arena

Zawgyi

အခုႏွစ္ကိုေတာ့ OnePlus ဟာ စမတ္ဖုန္းသစ္သုံးမ်ဳိးကို တၿပိဳင္တည္း မိတ္ဆက္ျခင္းျဖင့္ ဖြင့္လွစ္လာမွာျဖစ္ၿပီး သူ႕ရဲ႕ သိပ္မၾကာလွေသးတဲ့ ကုမၸဏီသက္တမ္းတေလွ်ာက္မွာ ပထမဆုံးအႀကိမ္ျဖစ္လာမွာပါ။ အလယ္အလတ္ ေမာ္ဒယ္လို႔ ဆုိရမယ့္ OnePlus 8 ဟာ ယေန႔မွာ အိႏၵိယ BIS အတည္ျပဳခ်က္ကို ရရွိခဲ့ၿပီး OnePlus 8 Pro ကလည္း Geekbench မွာ အစမ္းသပ္ခံခဲ့ပါတယ္။

OnePlus 8 ဖုန္းကို ေမာ္ဒယ္နံပါတ္ IN2011 လို႔သတ္မွတ္ထားကာ သူ႕ရဲ႕ Pro ဗားရွင္းလိုပဲ ေနာက္ဘက္မွာ ကင္မရာေလးလုံး (Quad-cam) ပါဝင္လာမွာျဖစ္ပါတယ္။ ဖုန္းသုံးလုံးကေတာ့ OnePlus 8 Pro, OnePlus 8 နဲ႔ 8 Lite ဆုိၿပီး ထြက္လာမွာပါ။

OnePlus 8 Pro ရဲ႕ေမာ္ဒယ္နံပါတ္က IN2023 ျဖစ္ၿပီး Geekbench ရဲ႕ Database ေပၚမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီဖုန္းမွာ Android 10 OS တစ္ခါတည္း အသုံးျပဳလာမွာျဖစ္ၿပီး ကုဒ္နာမည္ “Kona” လို႔ေဖာ္ျပထားတဲ့ Snapdragon 865 ခ်စ္ပ္ဆက္ကိုေတာ့ 12GB RAM နဲ႔ တြဲဖက္လာမွာျဖစ္ပါတယ္။

ယမန္ေန႔ကေတာ့ OnePlus က ဒီဖုန္းအသစ္ေတြမွာ 120Hz OLED Display ပါလာမယ္လို႔ Tease လုပ္ခဲ့ေပမယ့္ တကယ္တမ္း Pro ဗားရွင္းတစ္ခုထဲမွာသာ 120Hz Refresh Rate နဲ႔ Display ကိုျမင္ရဖို႔ရွိၿပီး က်န္တဲ့ႏွစ္မ်ဳိးမွာ 90Hz သာ ပါလာဖို႔က ပိုမ်ားပါတယ္။

OnePlus 8 Lite ဟာ အားလုံးထဲမွာ ေစ်းအခ်ဳိဆုံးျဖစ္လာႏုိင္ၿပီး သိပ္အာရုံစုိက္မခံရေပမယ့္ သူ႕မွာလည္း ေနာက္ဘက္ Triple-camera နဲ႔ Specs အရမ္းမကြာတဲ့ ဖုန္းျဖစ္မွာပါ။ 8 Lite ဟာ ကုမၸဏီရဲ႕ ပထမဆုံး Qualcomm ခ်စ္ပ္ဆက္ မသုံးတဲ့ ဟန္းဆက္ျဖစ္လာႏုိင္ၿပီး MediaTek Dimensity 800 5G ခ်စ္ပ္ဆက္ကို အသုံးျပဳလာမယ္လို႔ သတင္းထြက္ေနပါတယ္။

Ref – GSM Arena