OnePlus ဟာ အမြဲလိုလိုနှစ်ကုန်ပိုင်းမှာ T Series Flagship ဖုန်းကို မိတ်ဆက်နေကျဖြစ်သလို အခုလည်း OnePlus 8T စမတ်ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခုထွက်ရှိလာတဲ့ OnePlus 8T ဟာ OnePlus 8 နဲ့ 8 Pro ကြားမှာရှိနေမှာဖြစ်သလို နည်းပညာအသစ်လည်း ပါဝင်လာမှာပါ။

အရင်ဆုံး Design ပိုင်းအနေနဲ့ကတော့ OnePlus 8T ဟာ 6.55″ Full HD+ AMOLED Flat Display ကိုအသုံးပြုထားပါတယ်။ Screen Refresh Rate အနေနဲ့ 120Hz ကို Support ပြုလုပ်သလိုပဲ Maximum Brightness အနေနဲ့လည်း 1,100Nits အထိရှိမှာဖြစ်ပါတယ်။ OnePlus ရဲ့ ပြောကြားချက်အရတော့ DisplayMate Rating မှာ A+ အဆင့်ရရှိထားတယ်လို့ သိရပါတယ်။

Performance ပိုင်းမှာတော့ OnePlus 8T မှာ Qualcomm Snapdragon 865 Chipset ကို အသုံးပြုထားပြီး RAM 8GB သို့မဟုတ် RAM 12GB ပါဝင်မှာဖြစ်ပါတယ်။ Storage အနေနဲ့လည်း RAM ပေါ်မှုတည်ပြီး 128GB သို့မဟုတ် 256GB ထည့်သွင်းထားမှာဖြစ်ပါတယ်။ Cooling ပိုင်းအတွက်တော့ ယခင်တုန်းကထက် ၂၈၅ ရာခိုင်နှုန်းပိုကြီးတဲ့ Vapor Chamber Cooling စနစ်ကို အသုံးပြုထားတာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ 48MP Primary Sensor ၊ 16MP Ultrawide ၊ 5MP Macro နဲ့ 2MP Depth Sensor တွေပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုထားပါတယ်။ Selfie Camera အနေနဲ့ကတော့ 16MP Sensor ကိုပဲ Punch-hole Design အနေနဲ့ ထည့်သွင်းထားတာဖြစ်ပါတယ်။

Battery ပိုင်းမှာတော့ 4500mAh Battery ကိုမှ 65W Wrap Charge Fast Charing နည်းပညာကို ပထမဆုံးအနေနဲ့ အသုံးပြုထားတယ်လို့ သိရပါတယ်။ အခု Charging စနစ်ဟာ ၃၉ မိနစ်အတွင်း 0-100% အပြည့်အားပြန်လည်သွင်းနိုင်မှာဖြစ်သလို 45W USB-PD Charging ကိုလည်း Support ပြုလုပ်နိုင်ဦးမှာပါ။

Software ပိုင်းအနေနဲ့ကတော့ Android 11 ကို အခြေခံထားတဲ့ OxygenOS 11 ကို အသုံးပြုထားပြီး Bitmoji နဲ့ပူးပေါင်းမှုတွေ၊ Always-on Display အပါအဝင် Feature အသစ်တွေအများအပြားပါဝင်လာမှာဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ OnePlus 8T ကို Aquamarine Green နဲ့ Lunar Silver ဆိုပြီး ၂ မျိုးရွေးချယ်နိုင်မှာပါ။

စျေးနှုန်းအနေနဲ့ကတော့ US စျေးကွက်မှာ RAM 12GB + 256GB Version ကို $749 (မြန်မာငွေ ၉ သိန်း ၈ သောင်းဝန်းကျင်) ကျသင့်မှာ ဖြစ်ပြီး အိန္ဒိယစျေးကွက်မှာတော့ RAM 8GB + 128GB Version ကို ရူပီး ၄၂,၉၉၉ (မြန်မာငွေ ၇သိန်း ၇သောင်း ဝန်းကျင်) ကနေ စတင်ကျသင့်မှာပါ။ မြန်မာနိုင်ငံစျေးကွက်ကို ဝင်ရောက်လာရင် ဘယ်လောက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena