OnePlus ကနေ ဒီနှစ်ကုန်ပိုင်းမှာ OnePlus 8T စမတ်ဖုန်းကို မိတ်ဆက်ဖို့ရှိနေတာပဲဖြစ်ပါတယ်။ ယခုနှစ်အတွက်ကတော့ ယခင်တုန်းကလိုမျိုး OnePlus 8T Pro ဖုန်းမိတ်ဆက်လာမှာမဟုတ်ဘဲ OnePlus 8T တစ်မျိုးပဲ မိတ်ဆက်လာမှာလည်းဖြစ်ပါတယ်။

အခုလည်း India က နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ishan Agarwal ကနေ OnePlus 8T စမတ်ဖုန်းဟာ လာမယ့် အောက်တိုဘာလ ၁၄ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါ OnePlus 8T ဖုန်းကို Online Launch သီးသန့်နဲ့ပဲ မိတ်ဆက်သွားမယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်အခြေအနေကြောင့် အောက်တိုဘာလ ၁၄ ရက်နေ့မှာ မိတ်ဆက်မှာဖြစ်ပေမယ့် အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလအတွင်းမှပဲ ရောင်းချနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ OnePlus 8T စမတ်ဖုန်းဟာ Camera Design ပိုင်းမှာ Galaxy S20 Series ဖုန်းတွေနဲ့ ပိုဆင်တူသွားမှာဖြစ်ပြီး 120Hz OLED Display ကိုပဲ ဆက်လက်အသုံးပြုလာမှာဖြစ်ပါတယ်။ Processor ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 865 ကနေ 865+ Chipset ကို ပြောင်းလဲ အသုံးပြုလာနိုင်ပါတယ်။

OnePlus ဟာ OnePlus 8T စမတ်ဖုန်းအပြင် Android 11 ကို အခြေခံထားတဲ့ OxygenOS 11 ၊ OnePlus Buds Z Earbuds အသစ်အပြင် US စျေးကွက်အတွက် Nord Series ဖုန်းအသစ်ကိုပါ မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

Ref – Gizmo China