Cyberpunk 2077 ထွက်ရှိမယ့်နေ့ကို ဒီဇင်ဘာလအထိ နောက်ဆုတ်လိုက်ပေမယ့် OnePlus 8T ရဲ့ Cyberpunk 2077 Edition ကို နိုဝင်ဘာလမှာ ကြေညာမှာ ဖြစ်ပါတယ်။ OnePlus က နောက်လ ၂ ရက်နေ့မှာ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပြီး အနောက်ဘက်က ကင်မရာ ဒီဇိုင်းကို ဆန်းသစ်ထားမှာပါ။

OnePlus 8T to have Cyberpunk 2077 edition, will arrive on November 2

ဖုန်းမှာ Custom Theme ပါလာနိုင်ပြီး Teaser ဓါတ်ပုံအရ အနောက်ဘက်က ကင်မရာ အကွက်ဟာ ပိုကြီးတာ မြင်ရပါတယ်။ ကင်မရာ အကွက်ရဲ့ ဒီဇိုင်းကို ပြောင်းထားပေမယ့် တူညီတဲ့ ကင်မရာတွေပဲ ထည့်သွင်းထားမှာ သေချာပါတယ်။

Cyberpunk 2077 ကို Xbox , Playstation , Windows နဲ့ Google Stadia တို့မှာ ကစားနိုင်မယ်လို့ ထင်ရပြီး Android မှာလည်း ကစားနိုင်မယ်လို့ ယူဆရဖွယ်ရှိပါတယ်။ OnePlus 8T ရဲ့ Cyberpunk 2077 Edition မှာ မူလ OnePlus 8T ရဲ့ Specs တွေပဲ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

အဲဒီအတွက် Snapdragon 865 Chipset မောင်းနှင်ထားပြီး 12GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ 120Hz OLED မျက်နှာပြင် ထောက်ပံ့ထားပြီး မသိရသေးတာက အဲဒီ အထူးထုတ် စမတ်ဖုန်းရဲ့ ဈေးနှုန်း ဖြစ်ပါတယ်။ လာမယ့် တနင်္လာနေ့မှာ OnePlus 8T ရဲ့ Cyberpunk 2077 Edition ရဲ့ သတင်းအချက်အလက် အပြည့်အစုံကို သိလာရတော့မှာပါ။

Ref : gsmarena