OnePlus ရဲ့ Flagship ဖုန်းတွေဟာ IP water and dust-proof certificate ကို ဖော်ပြလေ့မရှိပါဘူး။ တနည်းအားဖြင့် ဒီအပိုင်းမှာ အားနည်းတယ်လို့ ဆိုရပါလိမ့်မယ်။ Vanilla OnePlus 8 (US carrier unit တွေမပါ) မှာလည်း IP rating မပါခဲ့ပါဘူး။ ဒီနှစ်ထဲမှာတော့ OnePlus 8 Pro ကို တရားဝင် IP rating နဲ့ဖော်ပြပြီး မိတ်ဆက်ခဲ့ပါတယ်။

အခုတော့ OnePlus 9 Pro ရဲ့ အလှည့်ကိုရောက်လာပြီလို့ ဆိုရမှာပါ။ နောက်ဆုံးထွက်လာတဲ့ ကောလာဟလကလည်း ကုမ္ပဏီအနေနဲ့ OnePlus 9 မိသားစုကိုလည်း အရင်အတိုင်းပဲမိတ်ဆက်မယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် OnePlus 9 Pro ကလွဲရင် ကျန်တဲ့ OnePlus 9 တွေမှာ IP rating ပါလာမှာမဟုတ်ဘူးလို့ အဓိပ္ပါယ်ရပါတယ်။

OnePlus နဲ့ပတ်သက်တဲ့ ယိုစိမ့်သတင်းတွေကို ခြေရာခံကျွမ်းကျင်တဲ့ Tipster ကလည်း Pro ဗားရှင်းကပဲ ရေနဲ့ဖုန်မှုန့်တွေကိုခံနိုင်ရည်ရှိတဲ့ IP68 certification ရရှိမယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် OnePlus 9 နဲ့ OnePlus 9E တို့မှာ မျှော်လင့်လို့မရတော့ပါဘူး။ ဒါပေမယ့်အခုဖော်ပြလိုက်တဲ့ OnePlus 9E နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်ကိုသိဖို့လည်း စောင့်ဆိုင်းရပါဦးမယ်။

OnePLus 9 ရဲ့ သရုပ်ဖော်ပုံကြမ်းတွေဟာ တကယ့်ကိုအခြေခံဒီဇိုင်းကိုပဲ ပြသတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ အမှန်တကယ်ထွက်လာမယ့်ပုံစံနဲ့ တူညီမယ်လို့ မျှော်လင့်လို့ရနေပါသေးတယ်။ ကျောဘက်မှာရှိတဲ့ ကြီးမားတဲ့ Camera Sensor နှစ်ခုအပြင်၊ ခလုတ်တွေနေရာချထားပုံနဲ့ Notification slider တို့ကိုလည်း အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Ref: GSM Arena