OnePlus ဟာ ဒီနှစ်ထဲမှာ ဖုန်း ကြေညာမှု ပြီးသွားပြီ ဖြစ်ပြီး နောက်နှစ်ထုတ်မယ့် OnePlus 9 Series ဖုန်းတွေအတွက် စတင် ပြင်ဆင်နေပါပြီ။ အဲဒီဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားနေပြီး OnePlus 9 , 9 Pro နဲ့ 9E/ 9 Lite တွေ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ နောက်နှစ် ပထမ ၃ လအတွင်း ကြေညာမယ်လို့ သိရပါတယ်။ အခုတော့ OnePlus 9 နမူနာမော်ဒယ်ကို လူ ၁ ယောက်က Ebay မှာ တင်ထားတာ တွေ့ရပြီဖြစ်တဲ့အတွက် အဲဒီ သတင်းမှန်မယ်ဆိုတာ ပိုသေချာသွားပါပြီ။

သူက Ebay မှာ မတန်တဆ ဈေး ဖြစ်တဲ့ ဒေါ်လာ ၃ ထောင်နဲ့တောင် ရောင်းဖို့ ကြိုးစားနေတာပါ။ အခုတော့ Ebay မှာ အဲဒီဖုန်းကို ဖယ်ရှားလိုက်ပြီလို့ သိရပါတယ်။ သူက နမူနာ မော်ဒယ်ကို စောစောစီးစီး တင်ပြီး မျိုးမျိုးမြတ်မြတ်နဲ့ ရောင်းချင်ပုံရပါတယ်။ ဒါပေမယ့် သူ့ရဲ့ အကြံ မအောင်မြင်ခဲ့ပါဘူး။

OnePlus 9 live images leak, battery specs and features revealed - Technology News

Ebay က စာရင်းအရ OnePlus 9 မှာ ၆.၆ လက်မ မျက်နှာပြင်၊ 8GB RAM ၊ 128GB Storage နဲ့ 48MP Main ကင်မရာတွေ ထည့်သွင်းထားပြီး အရင်ပေါက်ကြားခဲ့တဲ့ သတင်းတွေနဲ့ တူညီနေပါတယ်။ ဒါ့အပြင် Snapdragon 888 Chipset ထည့်ထားမယ်လို့ Ebay မှာ ဖော်ပြထားပါတယ်။

နောက်နှစ်ထွက်မယ့် စွမ်းရည်မြင့် ဖုန်း အားလုံးမှာ အဲဒီ Chipset ပါလာမှာ ဖြစ်ပြီး Xiaomi Mi 11 ကတော့ အဲဒီ Chipset ပါတဲ့ အစောဆုံး ဖုန်း ဖြစ်ပါတယ်။ SD888 ကို OnePlus 9 နဲ့ 9 Pro မှာပါ ထည့်သွင်းထားနိုင်ပြီး 9E or 9 Lite မှာတော့ Snapdragon 865 ပဲ ပါလာနိုင်ပါတယ်။ OnePlus ဟာ 9 Series ကို နောက်နှစ် မတ်လမှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizchina