OnePlus Ace 2 Pro ကို တရုတ်မှာ ကြေညာလိုက်ပြီး လူငယ်နဲ့ Gamer တွေအတွက် အထူးထုတ်လုပ်ထားတဲ့ စွမ်းရည်မြင့် ဖုန်း ဖြစ်ပါတယ်။ RAM 24GB ပါတဲ့ OnePlus ရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။

OnePlus Ace 2 Pro

OnePlus Ace 2 Pro မှာ 6.7” OLED 1.5K 2772x1240p မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 1600 Nits Peak Brightness အထိ ထုတ်လုပ်ပေးပြီး HDR ထောက်ပံ့ပါတယ်။

Snapdragon 8 Gen 2 SoC မောင်းနှင်ထားပြီး LPDDR5x RAM နဲ့ UFS 4.0 Storage ပါပါတယ်။ 9140mm2 VC Cooling System ထည့်ထားပါတယ်။ Android 13 အခြေပြု ColorOS 13.1 မောင်းနှင်ထားပြီး Android Update ၃ ခု ရမှာပါ။ 150W SuperVOOC Charging ပါတဲ့ 5,000mAh Battery တပ်ထားပါတယ်။

OnePlus Ace 2 Pro

အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 50MP Sony IMX890 Main (OIS) , 8MP Ultrawide , 2MP Macro ကင်မရာ ၃ လုံး ပါပါတယ်။ Dual SIM , 5G, WiFi 7, Bluetooth 5.3, NFC , USB Type-C တွေ ထည့်ထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ တပ်ထားပါတယ်။ IR Blaster နဲ့ X-axis Vibration Motor ထည့်ထားပါတယ်။

ဈေးနှုန်း

  • 12GB + 256GB – ¥2,999 (~$410)
  • 16GB + 512GB – ¥3,399 (~$465)
  • 24GB + 1TB – ¥3,999 (~$550)

တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၂၃ ရက်နေ့ရောင်းမှာပါ။ Aurora Green နဲ့ Titanium Empty Gray အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Ref : gizmochina