OnePlus ရဲ့ တရုတ် ဌာန က ဥက္ကဌ Li Jie က OnePlus Ace 2 Pro ကို ဒီလ ၁၆ ရက်နေ့ ကြေညာမယ်လို့ အသိပေးလိုက်ပါတယ်။ သူက ဝီဘိုမှာ Ace 2 ထက် Ace 2 Pro မှာ တိုးတက်မှုများစွာ ပါလာမယ်လို့ ပြောပါတယ်။ နောက်ဆုံးပေါ် နည်းပညာတွေ ထည့်သွင်းထားမှာ ဖြစ်ပြီး တကယ့် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းအရသာကို ခံစားရမှာ ဖြစ်ပါတယ်။

OnePlus Ace 2 Pro will arrive on August 16

Ace 2 Pro မှာ Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး အပူစုပ်ယူပေးတဲ့ ဧရိယာဟာ 9,000 sp.mm အထိ ရှိလာမယ့် VC Cooling ရဲ့ Architecture အသစ်ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေ အရင်က ထွက်ပေါ်လာခဲ့ဖူးပြီး အခုတော့ တရားဝင် Teaser ကို မျှဝေလိုက်ပါတယ်။ Ace 2 Pro ရဲ့ ဒီဇိုင်းဟာ Ace 2 နဲ့ လုံးဝ တူညီနေပါတယ်။

The OnePlus Ace 2 Pro could be a OnePlus 11T in all but name | Flipboard

Ace 2 Pro မှာ 24GB RAM LPDDR5X RAM နဲ့ 1TB UFS 4.0 Storage အထိ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Memory Combination ကို လက်ရှိ စမတ်ဖုန်းတွေထဲမှာ အမြင့်ဆုံး ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ Ace 2 Pro ကို ကြေညာဖို့ ရက်အနည်းငယ်လိုတော့ပြီး ဒီကြားထဲမှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေ ထပ်မံ ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena