OnePlus ဟာ မကြာခင်က ကြေညာခဲ့တဲ့ OnePlus Ace ရဲ့ Racing Edition ကို ထုတ်လုပ်မယ်လို့ သတင်းထွက်နေပြီး အခုတော့ Evan Blass က အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံ ၁ ပုံကို မျှဝေလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းကို အရင်က TENAA မှာ စာရင်းတင်ထားပြီး မော်ဒယ်နံပါတ်က PGZ110 ဖြစ်ပါတယ်။

OnePlus Ace Racing Edition ရဲ့ အနောက်ဘက် ကင်မရာ Setup ဟာ ရိုးရိုး Ace မော်ဒယ်နဲ့ကွဲပြားပြီး တူညီတဲ့ အရွယ်အစားကြီး Cutout ၄ ခုမှာ ကင်မရာ Sensor ၃ ခုကို ထည့်သွင်းထားပါတယ်။ အဲဒီ ကင်မရာတွေက 64MP Main , 8MP Ultrawide နဲ့ 2MP Auxiliary တွေ ဖြစ်နိုင်ပါတယ်။ အနောက်ဘက်မှာ Texture ဒီဇိုင်းကို အသုံးပြုထားပါတယ်။

OnePlus Ace Racing edition image & specs surfaces online - Gizmochina

TENAA ရဲ့ စာရင်းမှာ OnePlus Ace Racing Edition ရဲ့ Specifications တွေကိုဖော်ပြထားပြီး ၆.၅၉ လက်မ Full HD+ Resolution မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ကာ IPS LCD အမျိုးအစား ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပြီး အဲဒီ စမတ်ဖုန်းမှာ ထည့်သွင်းထားတဲ့ Chipset အတိအကျကို မသိရသေးပေမယ့် MediaTek Dimensity 8100 Chipset ဖြစ်နိုင်ပါတယ်။ RAM အပိုင်းမှာ 8GB နဲ့ 12GB ၊ Internal Storage အပိုင်းမှာ 128GB နဲ့ 256GB တွေ ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။

Ref : gsmarena