OnePlus ကနေ True Wireless (TWS) Earbuds ကို မိတ်ဆက်မယ်ဆိုတာက ယခုနှစ်အစောပိုင်းကတည်းက သတင်းတွေထွက်ရှိနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းကလည်း OnePlus Buds လို့ ခေါ်ဆိုသွားမယ့် TWS Earbuds အသစ်ကို ဇူလိုင်လအတွင်းမှာ မိတ်ဆက်သွားမယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။

အခုအချိန်မှာတော့ OnePlus ကိုယ်တိုင်ကနေ အဆိုပါ OnePlus Buds မိတ်ဆက်မယ့်အချိန်ကို တရားဝင်ကြေညာလိုက်ပါပြီ။ ဒါကတော့ လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့မှာပဲ OnePlus Nord ဖုန်းနဲ့အတူ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

OnePlus ဟာ Wireless Earbuds စျေးကွက်ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက Neckband ပုံစံဖြစ်တဲ့ Bullet Wireless နဲ့ဝင်ရောက်ခဲ့တာဖြစ်ပြီး အခုနောက်ဆုံးအနေနဲ့လည်း OnePlus 8 Series ဖုန်းတွေနဲ့အတူ စျေးသက်သာတဲ့ Bullet Wireless Z Neckband ကို ရောင်းချနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် တခြားသော စမတ်ဖုန်းကုမ္ပဏီတွေနဲ့ယှဥ်ရင်တော့ TWS Earbuds စျေးကွက်ထဲမှာ တော်တော်လေးနောက်ကျပြီးမှ ဝင်ရောက်လာတာဖြစ်ပါတယ်။

OnePlus ရဲ့ Founder နဲ့ CEO ဖြစ်တဲ့ Pete Lau ရဲ့ပြောကြားချက်အရတော့ OnePlus Buds ဟာ ကောင်းမွန်တဲ့ Sound Quality ၊ Seamless Connectivity နဲ့ အသုံးပြုရတဲ့ User Experience ပိုင်းကို အာရုံစိုက်ထားတယ်လို့ သိရပါတယ်။ တလောက ထွက်ရှိထားတဲ့သတင်းတွေအရလည်း OnePlus Buds ဟာ USB-C Charging အပြင် 7.5W Wireless Charging ကိုပါ Support ပြုလုပ်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus Buds TWS Earbuds ဟာ OnePlus Nord လိုမျိုး Mid Range ဖုန်းနဲ့အတူ မိတ်ဆက်မှာဖြစ်တဲ့အတွက် စျေးနှုန်းကိုခန့်မှန်းဖို့ ခက်ခဲနေပြီးတော့ ဖြစ်နိုင်တာကတော့ $100 ကနေ $150 ဝန်းကျင်နဲ့ ရောင်းချသွားနိုင်ပါတယ်။

Ref – Android Central