OnePlus ကနေ ယခုနှစ်အစောပိုင်းတုန်းက ပထမဆုံး TWS Earbuds တွေဖြစ်တဲ့ OnePlus Buds ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ OnePlus Buds တွေဟာ စျေးနှုန်းအနေနဲ့ $79 နဲ့ ရောင်းချတဲ့အတွက် တခြားသော Brand တွေရဲ့ TWS Earbuds တွေထက် ပိုပြီး စျေးသက်သာတယ်လို့ ပြောလို့ရပါတယ်။

ဒါပေမယ့်လည်း OnePlus ကနေ မကြာခင်မှာ ပိုပြီးစျေးသက်သာတဲ့ TWS Earbuds အသစ်ကို မိတ်ဆက်လာဦးမယ်လို့ ယူဆရပါတယ်။ အဆိုပါ TWS Earbuds အသစ်ရဲ့ နာမည်ကိုတော့ OnePlus Buds Z လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။

OnePlus ဟာ ယခုနှစ်စပိုင်းတုန်းကလည်း စျေးနှုန်းအနေနဲ့ $49 ပဲရှိတဲ့ Bullet Wireless Z Neckband Earbuds တွေကို မိတ်ဆက်ခဲ့ပါသေးတယ်။ ဖြစ်နိုင်တာကတော့ အခုထပ်မံမိတ်ဆက်မယ့် OnePlus Buds Z ဟာလည်း တူညီတဲ့ $49 နဲ့ပဲ ရောင်းချနိုင်ပါတယ်။

ဒါပေမယ့်လည်း OnePlus Buds Z ဟာ လက်ရှိ OnePlus Buds နဲ့ ယှဥ်ရင် ဘာတွေကွာခြားသွားမလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ OnePlus Buds အနေနဲ့လည်း စျေးသက်သာတဲ့ Earbuds တစ်ခုဖြစ်တဲ့အတွက် Active Noise Cancellation ၊ AptX Support နဲ့ Wireless Charging တွေလိုမျိုး Feature တွေပါဝင်ခြင်းမရှိပါဘူး။ အဲ့ဒီအတွက် OnePlus Buds Z ဟာ အဓိကအနေနဲ့ Audio Quality ပိုင်းနဲ့ Build Quality ပိုင်းမှာပဲ လျော့ချနိုင်ဖွယ်ရှိနေပါတယ်။

ယခု OnePlus Buds Z Earbuds တွေကို မကြာခင်မိတ်ဆက်လာနိုင်တဲ့ OnePlus 8T Series စမတ်ဖုန်းတွေနဲ့အတူ တရားဝင်မိတ်ဆက်သွားမယ်လို့ ခန့်မှန်းရပါတယ်။

Ref – Gizmo China