OnePlus ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေတင်မဟုတ်ဘဲ တခြားသော Product အသစ်တွေကိုပါ မိတ်ဆက်နေပြီဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်လည်း OnePlus TV တွေကို မိတ်ဆက်ထားသလို မကြာခင်မှာလည်း OnePlus Monitor တွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

အခုလည်း OnePlus ကနေ “OnePlus Featuring” ဆိုတဲ့ Co-creation Platform တစ်ခုကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခု Co-creation Platform ကတော့ OnePlus ဟာ မတူညီတဲ့တခြားသော ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး Product အသစ်တွေကို ထုတ်လုပ်သွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

ဒီလိုမျိုး OnePlus Featuring အနေနဲ့ ပထမဆုံးထုတ်လုပ်သွားမယ့် Product ကတော့ နာမည်ကြီး Mechanical Keyboard ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Keychron နဲ့ ပူးပေါင်းပြီး Mechanical Keyboard အသစ်ကို ပူးပေါင်းထုတ်လုပ်သွားမှာပဲဖြစ်ပါတယ်။ ဒါက OnePlus ကုမ္ပဏီအတွက် ပထမဆုံး Mechanical Keyboard ဖြစ်လာမှာပါ။

လက်ရှိအချိန်မှာ အခုလိုမျိုး Mechanical Keyboard တွေကို Xiaomi လိုမျိုး ကုမ္ပဏီတွေကပဲ ထုတ်လုပ်နေတာဖြစ်ပြီး တခြားသော စမတ်ဖုန်းကုမ္ပဏီတွေက ထုတ်လုပ်သေးခြင်းမရှိသေးပါဘူး။ အခု OnePlus ဟာဆိုရင် Keychron ကုမ္ပဏီနဲ့ ပူးပေါင်းမှာဖြစ်တဲ့အတွက် အရည်အသွေးပိုင်းနဲ့ Design ပိုင်းမှာ တော်တော်လေးကိုကောင်းမွန်မယ်လို့ ခန့်မှန်းရပါတယ်။

လောလောဆယ်မှာ OnePlus Mechanical Keyboard က ဘယ်လိုမျိုး Design ဖြစ်လာမလဲဆိုတာကို မသိရသေးပေမယ့် လာမယ့် ၂၀၂၃ ခုနှစ်အစောပိုင်းမှာ တရားဝင်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Ref – GSM Arena