[Unicode]

OnePlus က မကြာခင်ကပဲ ဇန်နဝါရီလမှာ ကျင်းပမယ့် CES 2020 နည်းပညာ ပြပွဲမှာ ပါဝင်ပြသမယ်လို့ သတင်းပေးခဲ့ပါတယ်။ အဲဒီပွဲမှာ ကုမ္ပဏီက OnePlus Concept One လို့ နာမည်ပေးထားတဲ့ ဖုန်း ၁ လုံးကို ချပြမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ အဲဒီ ဖုန်းဟာ Foldable ဒီဇိုင်း ဖြစ်မယ်လို့ The Korea Herald က သတင်းပေးလိုက်ပါတယ်။

The Korea Herald က စတော့ဈေးကွက်ကို လေ့လာစောင့်ကြည့်သူတွေက ဒီလို ခန့်မှန်းလိုက်တာ ဖြစ်တယ်လို့ ပြောပြီး အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကိုတော့ မပြောသေးပါဘူး။ အဲဒီ ဖုန်းရဲ့ ဒီဇိုင်းနဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်နေတာ မရှိသေးပါဘူး။

OnePlus က CES 2020 မှာ လူတွေ စိတ်ဝင်စားအောင် ပြုလုပ်ချင်ပုံရပါတယ်။ OnePlus Concept One အပြင် OnePlus 8 Lite နဲ့ 8 Pro တို့ရဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အဲဒီ ဖုန်းတွေကိုလည်း CES 2020 မှာ ကြေညာနိုင်ပါတယ်။ Concept One ရဲ့ Foldable ဒီဇိုင်းက လူတွေကို ဘယ်လို ဖမ်းစားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

OnePlus ဟာ သက်တမ်း ၆ နှစ်ကို ကျော်ဖြတ်လာပြီဖြစ်ပြီး Concept One ဟာ ၆ နှစ်ပြည့်မွေးနေ့အတွက် အထူးထုတ် ဖုန်း ဖြစ်လာနိုင်ပါတယ်။ Xiaomi Mi Mix Alpha လို ဒီဇိုင်း အလန်းစားနဲ့ လူတွေကို ပွဲကျစေမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref : gizmochina

[Zawgyi]

CES 2020 မွာ ျပသမယ့္ OnePlus Concept One ဟာ Foldable ဖုန္း ျဖစ္ႏုိင္

OnePlus က မၾကာခင္ကပဲ ဇန္န၀ါရီလမွာ က်င္းပမယ့္ CES 2020 နည္းပညာ ျပပြဲမွာ ပါ၀င္ျပသမယ္လို႔ သတင္းေပးခဲ့ပါတယ္။ အဲဒီပြဲမွာ ကုမၸဏီက OnePlus Concept One လို႔ နာမည္ေပးထားတဲ့ ဖုန္း ၁ လံုးကို ခ်ျပမယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ အခုေတာ့ အဲဒီ ဖုန္းဟာ Foldable ဒီဇိုင္း ျဖစ္မယ္လို႔ The Korea Herald က သတင္းေပးလိုက္ပါတယ္။

The Korea Herald က စေတာ့ေစ်းကြက္ကို ေလ့လာေစာင့္ၾကည့္သူေတြက ဒီလို ခန္႔မွန္းလိုက္တာ ျဖစ္တယ္လို႔ ေျပာၿပီး အဲဒီ ဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြကိုေတာ့ မေျပာေသးပါဘူး။ အဲဒီ ဖုန္းရဲ႕ ဒီဇိုင္းနဲ႔ Specs ေတြ ေပါက္ၾကားထြက္ေပၚေနတာ မရွိေသးပါဘူး။

OnePlus က CES 2020 မွာ လူေတြ စိတ္၀င္စားေအာင္ ျပဳလုပ္ခ်င္ပံုရပါတယ္။ OnePlus Concept One အျပင္ OnePlus 8 Lite နဲ႔ 8 Pro တို႔ရဲ႕သတင္းေတြလည္း ထြက္ေပၚေနပါတယ္။ အဲဒီ ဖုန္းေတြကိုလည္း CES 2020 မွာ ေၾကညာႏုိင္ပါတယ္။ Concept One ရဲ႕ Foldable ဒီဇိုင္းက လူေတြကို ဘယ္လို ဖမ္းစားမလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။

OnePlus ဟာ သက္တမ္း ၆ ႏွစ္ကို ေက်ာ္ျဖတ္လာၿပီျဖစ္ၿပီး Concept One ဟာ ၆ ႏွစ္ျပည့္ေမြးေန႔အတြက္ အထူးထုတ္ ဖုန္း ျဖစ္လာႏုိင္ပါတယ္။ Xiaomi Mi Mix Alpha လို ဒီဇိုင္း အလန္းစားနဲ႔ လူေတြကို ပြဲက်ေစမလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Ref : gizmochina