[Unicode]

တရုတ် ဖုန်းကုမ္ပဏီ OnePlus က ဒီလ အစောပိုင်းမှာကျင်းပခဲ့တဲ့ Consumer Electronics Show (CES) မှာ Concept One စမတ်ဖုန်းကို ပြသခဲ့ပါတယ်။ နာမည်အတိုင်းပဲ Concept စမတ်ဖုန်း ဖြစ်တဲ့အတွက် မကြာခင် ရောင်းမှာ မဟုတ်သေးပါဘူး။ အခုတော့ OnePlus က Concept One World Tour ကို ကြေညာလိုက်ပြီး အဲဒီ စမတ်ဖုန်းကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ် စမ်းသပ်နိုင်တော့မှာပါ။

OnePlus က ကမ္ဘာအဝန်းက မြို့ ၁၀ မြို့နဲ့ ၈ နိုင်ငံမှာ Concept One ကို ပြသမှာ ဖြစ်ပြီး နောက်လ ၅ ရက်နေ့မှာ ပြင်သစ်က Fans တွေ အနီးကပ် လေ့လာနိုင်တော့မှာပါ။ အဲဒီနောက်မှာ အမေရိကန် ၊ ဂျာမနီ၊ အိန္ဒိယ၊ နယ်သာလန်၊ ဗြိတိန်၊ ဖင်လန်နဲ့ ဒိန်းမတ်မှာ ပြသမှာပါ။

OnePlus Concept One World Tour ရဲ့ အချိန်ဇယားကို အောက်မှာ လေ့လာနိုင်ပါတယ်။

ပြပွဲကို လာရောက်သူတွေဟာ OnePlus Concept One ကို အနီးကပ် လေ့လာနိုင်မယ့်အပြင် ဝန်ထမ်းတွေကို သိလိုရာ မေးမြန်းနိုင်မှာပါ။ အဲဒီဖုန်းနဲ့ ပတ်သက်ပြီး ထင်မြင်ချက်တွေကို ပြောပြနိုင်မှာ ဖြစ်ပါတယ်။

Ref : gsmarena

[Zawgyi]

OnePlus က မြို့ ၁၀ မြို့မှာ OnePlus Concept One ဖုန်းကို ပြသမည်





Ref : gsmarena