OnePlus Pad လို့ အမည်ပေးထားတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး တက်ဘလက်ကို OnePlus က ကြေညာလိုက်ပါတယ်။ စွမ်းရည်မြင့် တက်ဘလက် ဖြစ်ပြီး Dimensity 9000 Chipset, 8GB RAM နဲ့ 128GB UFS 3.1 Storage ထည့်သွင်းထားပါတယ်။

OnePlus enters the premium tablet game with the OnePlus Pad

OnePlus Pad မှာ ၁၁.၆၁ လက်မ 2800x2000p IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Variable Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်ဟာ 500 Nits Brightness ကို ထုတ်လုပ်ပေးနိုင်ပြီး OnePlus က ဘေးဘောင်တွေ ပါးလွှာတဲ့အတွက် Screen-to-body Ratio က ၈၈.၁၄ ရာခိုင်နှုန်း ရှိတယ်လို့ ပြောပါတယ်။

OnePlus enters the premium tablet game with the OnePlus Pad

အနောက်ဘက်မှာ 4K Video ရိုက်ကူးနိုင်တဲ့ 13MP ကင်မရာနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပါတယ်။ တက်ဘလက်ရဲ့ ထောင့်စွန်း ၄ ခုမှာ စပီကာ ၁ လုံးစီ ထည့်သွင်းထားပြီး Dolby Atmos ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်ကလည်း Dolby Vision ကို ထောက်ပံ့ပါတယ်။

ဘက်ထရီက 9,510mAhဖြစ်ပြီး Video ကြည့်ရင် ၁၄ နာရီခွဲ အသုံးခံပါတယ်။ 67W SuperVOOC က မိနစ် ၈၀ အတွင်း အားအပြည့်သွင်းပေးနိုင်ပါတယ်။ တက်ဘလက်နဲ့ တွဲသုံးဖို့ Magnetic Keyboard , Folio Case နဲ့ OnePlus Stylo ဒစ်ဂျစ်တယ် ဘောပင်ကို သီးခြား ဝယ်ယူနိုင်ပါတယ်။

OnePlus Pad ကို ဥရောပ၊ အိန္ဒိယနဲ့ မြောက်အမေရိကမှာ ဧပြီလကစတင်ကာ ကြိုတင်မှာယူနိုင်ပြီး ဈေးနှုန်းကို ကုမ္ပဏီက မပြောသေးပါဘူး။

Ref : gsmarena