OnePlus 8T ကို နောက်လမှာ ကြေညာမယ်လို့ ပြီးခဲ့တဲ့ ရက်အနည်းငယ်က Leaker ၁ ယောက်ကနေ သတင်းပေးခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ ပြောကြားချက် မှန်ကန်တယ်ဆိုတဲ့ အထောက်အထားတွေတွေ့လာရပါပြီ။ OnePlus အိန္ဒိယက တွစ်တာအကောင့်ကနေ OnePlus 8T 5G ကို မကြာခင် ကြေညာတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။

OnePlus အိန္ဒိယက အဲဒီ စမတ်ဖုန်းအတွက် Event Page ၁ ခုကိုတောင် ဖန်တီးပေးထားပြီဖြစ်ပြီး မိတ်ဆက်ပွဲ ကြည့်ချင်သူတွေဟာ ပွဲကျင်းပရင် အသိပေးအောင် Sign Up လုပ်ထားနိုင်ပါတယ်။ Sign Up လုပ်ထားသူတွေဟာ OnePlus 8T 5G , OnePlus Bullets Wireless အတွက် အခမဲ့ ဘောက်ချာနဲ့ Accessories တွေအတွက် လျှော့ဈေး ဘောက်ချာတွေ အပါအဝင် ဆုလက်ဆောင်တွေကို ရရှိနိုင်ပါတယ်။

Page မှာ OnePlus ရဲ့ Brand Ambassador ဖြစ်သူ Iron Man မင်းသားကြီး Robert Downey Jr. ပါဝင်ထားတဲ့ Teaser ဗီဒီယို ၁ ခုကို တင်ထားပြီး ဖုန်းကို မပြထားပေမယ့် မကြာခင် ကြေညာမယ်လို့ အတည်ပြုထားပါတယ်။

OnePlus 8T 5G မှာ AMOLED မျက်နှာပြင်ပြား ပါလာမှာ ဖြစ်ပြီး ဘယ်ဘက်အထက်မှာ Punch Hole ၁ ခု တပ်ဆင်ထားမှာပါ။ 120Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်တဲ့အတွက် ဂိမ်း ကစားရင် အရမ်းမိုက်မှာ ဖြစ်သလို Snapdragon 865 Chipset မောင်းနှင်ထားမှာပါ။ 12GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်မှာ ဖြစ်ပြီး အနောက်ဘက်မှာ 48MP Main , 16MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ပါလာမှာပါ။

ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်မယ်လို့ သတင်းထွက်နေပြီး 65W Warp Charge ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီနဲ့ Android 11 တွေ ပါလာမှာပါ။

Ref : gizmochina