OnePlus က စွမ်းရည်သင့် Nord 3 ကို ကြေညာလိုက်ပြီး အရင်မျိုးဆက် Nord 2T ထက် တိုးတက်မှုများစွာ ပါလာပါတယ်။ ပိုကြီး ပိုကောင်းတဲ့ မျက်နှာပြင်၊ စွမ်းရည်မြင့် Chipset နဲ့ ပိုကြီးတဲ့ ဘက်ထရီ ပါလာပါတယ်။

OnePlus Nord 3 debuts with faster Dimensity 9000 SoC, better screen and bigger battery

OnePlus Nord 3 မှာ 6.74” OLED 1240x2772p မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ HDR10+ ထောက်ပံ့ထားပါတယ်။ အလွန်လျှင်မြန်တဲ့ 1000Hz Touch Response Rate ပါလာပြီး Refresh Rate ကို 40-120Hz အကြား ချိန်ညှိနိုင်ပါတယ်။ Dolby Atmos ပါတဲ့ စတီရီယို စပီကာတွေပါတဲ့အတွက် Multimedia အတွက် ကောင်းမွန်ပါတယ်။

OnePlus Nord 3OnePlus Nord 3

MediaTek Dimensity 9000 Chipset မောင်းနှင်ထားပြီး 8GB or 16GB RAM နဲ့ 128GB or 256GB Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 50MP Sony IMX890 , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံးတပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။

OnePlus Nord 3 debuts with faster Dimensity 9000 SoC, better screen and bigger battery

OnePlus Nord 3 မှာ 5,000mAh Battery ပါလာပြီး 80W Fast Charging ထောက်ပံ့ထားပါတယ်။ Android 13 အခြေပြု OxygenOS 13 မောင်းနှင်ထားပြီး အဓိက Android Update ၃ ခုရမယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒီဇိုင်းက ရိုးရှင်းပြီး ထောင့်စွန်းတွေက ပြားချပ်ပါတယ်။ အနောက်ဘက်ကို ပြားချပ်တဲ့ ဖန်နဲ့ အုပ်ထားပြီး IP54 ရေစက်ရေပေါက်ခံနိုင်တဲ့ စံနှုန်း ပါပါတယ်။ ဘေးဘက်မှာ Alert Slider ထည့်ထားပါတယ်။

Misty Green နဲ့ Tempest Gray ၂ ရောင်ထုတ်လုပ်ထားပြီး 8/128GB ကို ၄၉၉ ယူရို၊ 16/256GB ကို ၅၅၀ ယူရို သတ်မှတ်ထားပါတယ်။

Ref : gsmarena