နည်းပညာတွေဟာ တစ်နေ့နဲ့တစ်နေ့ မတူညီဘဲ အမြဲတမ်းတိုးတက်ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ IT device တိုင်းအတွက် Update ဆိုတာလိုအပ်ပါတယ်။ စမတ်ဖုန်းတွေမှာတော့ Security Update ဟာ ပုံမှန်လို လုပ်ဆောင်ပေးရမယ့်အရာဖြစ်ပြီး၊ အမှတ်တံဆိပ်တိုင်းလိုလိုကလည်း ဒီ Update အတွက် ဂရုစိုက်လေ့ရှိပါတယ်။

OnePlus အနေနဲ့ဆိုရင် Security Update ပိုင်းမှာ လိုအပ်ချက်တွေ အနည်းငယ်ရှိကောင်းရှိနိုင်တယ်ဆိုပေမယ့် OnePlus Nord ပိုင်ရှင်တွေအတွက်တော့ သတင်းကောင်းတစ်ရပ် ထွက်ပေါ်လာပါပြီ။ အဲဒါကတော့ ကုမ္ပဏီဟာ OnePlus Nord တွေအတွက် Security Update ကို လာမယ့် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းအထိ ထောက်ပံ့ပေးနေဦးမယ်ဆိုတာပါပဲ။

OnePlus Nord N10 နဲ့ N100 တို့ဟာ Security Update ကို ၂ နှစ်ပဲ လက်ခံရရှိမှာဖြစ်တဲ့အတွက် နောက်ဆုံးရရှိမယ့်အချိန်ဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိပဲ ဖြစ်ပါတယ်။ OS update ကတော့ တစ်နှစ်ပဲ ရရှိမှာပါ။ ဒါပေမယ့် အခုထုတ်ပြန်ကြေညာချက်အရ နောက်ထပ် ၆ လသက်တမ်းတိုးမြင့်သွားပါတယ်။ ဒါကြောင့် Nord တွေဟာ Android 11 ကို ရရှိနိုင်ပါလိမ့်မယ်။

နောက်တစ်ခုက OnePlus 8 နဲ့ 8 Pro မော်ဒယ်တွေရဲ့ သုံးလတစ်ကြိမ် Schedule ပါ။ အဲဒီအပိုင်းနဲ့ပတ်သက်ပြီး စာမျက်နှာအလွတ်သာတွေ့ရသေးတဲ့အတွက် အပြည့်အစုံမသိရသေးဘူးလို့ ယူဆရပါတယ်။ ဒါ့အပြင် OnePlus ရဲ့ ၂၀၁၈ နဲ့ ၂၀၁၉ မော်ဒယ်တွေအတွက်လည်း ပြောစရာမရှိသေးဘူးဆိုပေမယ့် သူတို့ဟာ သုံးလပတ် Schedule နဲ့ သက်ဆိုင်ပါတယ်။

OnePlus 3 နဲ့ 3T တို့ကတော့ ဖြန့်ချိပြီး သုံးနှစ်အကြာဖြစ်တဲ့ ၂၀၁၉ ခုနှစ်ကုန်ပိုင်းကတည်းက သူတို့ရဲ့ နောက်ဆုံးသော Security pacth ကို ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် 5 နဲ့ 5T တို့တို့အတွက်ထောက်ပံ့မှုဟာလည်း မကြာခင် ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။

Ref: GSM Arena