OnePlus Nord ကို မရောင်းချသေးခင်မှာပဲ OxygenOS Update အနည်းငယ်ထွက်လာခဲ့ပြီး အများစုက Bug တွေကို ပြင်ဆင်ထားတာပါ။ အခုတော့ နောက်ထပ် Update အသစ် ထွက်လာပြီး System ၊ ကင်မရာ၊ အားသွင်းနှုန်းနဲ့ တခြား အစိတ်အပိုင်းတွေ ပိုကောင်းအောင် ပြင်ဆင်ထားပါတယ်။

OxygenOS 10.5.5 ကို OnePlus Nord အတွက် ဖြန့်ချိလိုက်ပြီ ဖြစ်ပြီး အိန္ဒိယမှာ Build Number က 10.5.5.AC01DA ၊ ဥရောပမှာ  10.5.5.AC01BA နဲ့ တခြားနိုင်ငံတွေမှာ 10.5.5.AC01AA တို့ ဖြစ်ကြပါတယ်။ Changelog မှာ လုပ်ဆောင်ချက် အသစ်တွေ မပါလာသလို Security Patch တွေ မထည့်သွင်းထားပါဘူး။ ဒါပေမယ့် Operating System ၊ ကင်မရာနဲ့ အားသွင်းနှုန်းတွေအတွက် အရေးကြီးတာတွေကို ပြင်ဆင်ထားပါတယ်။ Changelog အပြည့်အစုံကို အောက်မှာ လေ့လာပါ။

အဲဒီ Update ကို အိန္ဒိယနဲ့တခြား နိုင်ငံတွေမှာ ဖြန့်ချိလိုက်ပြီ ဖြစ်ပြီး ဥရောပအတွက် မကြာခင် ထုတ်ပေးမယ်လို့ OnePlus က ပြောပါတယ်။ OnePlus ရဲ့ ဝက်ဘ်ဆိုက်မှာ Update ကို Download လုပ်နိုင်တဲ့ Link ကို မပေးထားပေမယ့် Third-party Oxygen Update App ကို သုံးကာ ရယူနိုင်ပါတယ်။

Ref : androidpolice