US နိုင်ငံအတွင်းမှာ ပထမဆုံးအနေနဲ့ MediaTek Chipset ပါဝင်တဲ့ OnePlus ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ OnePlus Nord N300 5G ဖြစ်ပြီး ယခင်တုန်းက US အပြင် တကမ္ဘာလုံးစျေးကွက်မှာ ရောင်းအားကောင်းခဲ့တဲ့ OnePlus Nord N200 5G ရဲ့ မျိုးဆက်သစ်စမတ်ဖုန်းဖြစ်လာပါတယ်။

OnePlus Nord N300 ဟာဆိုရင် Display ပိုင်းမှာ 6.56″ IPS LCD Display ကို အသုံးပြုထားပြီးတော့ HD+ Resolution ရှိမှာဖြစ်ပါတယ်။ Refresh Rate အနေနဲ့ကတော့ 90Hz ကို Support ပေးထားပြီးတော့ Selfie Camera အတွက် Waterdrop Notch Design ပြုလုပ်ထားပါတယ်။

Camera ပိုင်းမှာတော့ Back Camera Setup ကို 48MP Main Camera နဲ့ 2MP Depth Camera တွေပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားပြီး Front Selfie Camera အတွက်ကတော့ 8MP Sensor ကိုအသုံးပြုထားတယ်လို့ သိရပါတယ်။ ဘေးဘက်က Power Button မှာ Fingerprint Sensor ကိုထည့်သွင်းပေးထားပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ MediaTek Dimensity 810 Chipset ကို အသုံးပြုထားပြီး RAM 4GB အပြင် 64GB Storage တွေပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းမှာ 5000mAh Battery ကို ထည့်သွင်းပေးထားသလို 33W Fast Charging ကိုပါ ထောက်ပံ့ပေးထားပါတယ်။ Software အနေနဲ့ကတော့ Android 13 ကို အခြေခံထားတဲ့ OxygenOS ကို အသုံးပြုထားပါတယ်။

OnePlus Nord N300 5G ဖုန်းဟာ အရောင်အနေနဲ့ Midnight Jade အရောင်နဲ့ပဲ ထွက်ရှိလာမှာဖြစ်သလို စျေးနှုန်းအနေနဲ့ကတော့ $228 ဝန်းကျင်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena