OnePlus က ကုမ္ပဏီရဲ့ ပထမဆုံး Foldable ဖုန်း ဖြစ်တဲ့ OnePlus Open ကို ကြေညာလိုက်ပါတယ်။ စာအုပ်စတိုင် Foldable ဒီဇိုင်း ဖြစ်ပြီး ကိုင်ရတာ သက်တောင့်သက်သာ ရှိပါတယ်။

OnePlus Open debuts with top-notch camera, €1,799 price - GSMArena.com news

ခေါက်ထားရင် OnePlus Open ရဲ့ 6.31” 2484x1116p Super Fluid LTPO 3.0 AMOLED မျက်နှာပြင်ကို သုံးနိုင်မှာ ဖြစ်ပြီး 10-120Hz Dynamic Refresh Rate ပါပါတယ်။ 1,400 Nit Typical နဲ့ 2,800 Nit Peak Brightness ထောက်ပံ့ထားပါတယ်။

အတွင်းဘက်မှာ 7.82” 2440x2268p Flexi-fluid LTPO 3.0 AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 1-120Hz Dynamic Refresh Rate ထောက်ပံ့ထားပါတယ်။ Peak Brightness က အပြင် မျက်နှာပြင်နဲ့ တူညီပါတယ်။

OnePlus Open Finally Debuts With Dual LTPO Displays, Triple Cameras - Lowyat.NET

OnePlus Open ရဲ့  Voyager Black မှာ အနောက်ဘက်ဟာ သားရေအတု ဒီဇိုင်းဖြစ်ပါတယ်။ Emerald Dusk (Green) ရဲ့ အနောက်ဘက်ကိုတော့ ဖန်နဲ့ ဖုံးအုပ်ထားပါတယ်။

OnePlus Open မှာ ကင်မရာကို အသားပေးထားပြီး Hasselblad Tuning ပါတဲ့ ကင်မရာ ၅ လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ ပင်မ ကင်မရာ အနေနဲ့ Sony ရဲ့ 48MP LYTIA-T808 “pixel stacked” Sensor ကို သုံးထားပါတယ်။ 48MP Ultrawide , 64MP Telephoto ကင်မရာတွေနဲ့အားဖြည့်ထားပါတယ်။

ဆဲလ်ဖီး ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး  20MP ဟာ အတွင်းဘက် နဲ့ 32MP ဟာ အပြင်ဘက်မှာ ဖြစ်ပါတယ်။

OnePlus Open မှာ Snapdragon 8 Gen 2 မောင်းနှင်ထားပြီး 16GB LPDDR5x RAM နဲ့ 512GB Storage ထည့်သွင်းထားပါတယ်။ 67W Charging ထောက်ပံ့တဲ့ 4,805mAh Battery ပါပါတယ်။ OnePlus က ၁ ကနေ ၁၀၀ ရာခိုင်နှုန်းကို ၄၂ မိနစ်နဲ့ အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။

OnePlus Open အတွက် 16/512GB Version ၁ မျိုးထဲ ထုတ်လုပ်ထားပြီး ၁,၇၉၉ ယူရို သတ်မှတ်ထားပါတယ်။

Ref : gsmarena