OnePlus ရဲ့ ပထမဆုံး Foldable ဖုန်းကို OnePlus Open လို့ အမည်ပေးထားမယ်လို့ မကြာခင်က သတင်းထွက်ခဲ့ပါတယ်။ အခုတော့ အဲဒီဖုန်းကို ဩဂုတ်လ ၂၉ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။

OnePlus Open CAD render

ပေါက်ကြားနေတဲ့ သတင်းအရ OnePlus Open မှာ 6.3” AMOLED FHD+ 120Hz Cover မျက်နှာပြင်နဲ့ 7.8” Foldable AMOLED Quad HD+ 120Hz မျက်နှာပြင်ပါလာမှာပါ။ ကင်မရာအကြောင်းပြောရရင် 48MP Main , Ultrawide နဲ့ 64MP Telephoto ကင်မရာတွေ တပ်ဆင်ထားမှာပါ။

OnePlus Open foldable gets a launch date

အတွင်းဘက်မှာ 20MP ကင်မရာနဲ့ 32MP အရှေ့ ကင်မရာ ထည့်သွင်းထားမှာပါ။ Snapdragon 8 Gen 2 Processor မောင်းနှင်ထားမှာ ဖြစ်ပြီး 16GB RAM ပါလာမှာပါ။ 67W Fast Charging နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 4,805mAh Battery တပ်ဆင်ထားမှာပါ။

OnePlus Open မှာ Android 13 မောင်းနှင်ထားမှာ ဖြစ်ပြီး အတိအကျပြောရရင် OxygenOS 13.1.1 အခြေပြု OxygenOS Fold Version ထည့်ထားမှာပါ။ လုံခြုံရေးအတွက် ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး 512GB UFS 4.0 Storage အထိ ရွေးချယ်နိုင်မှာပါ။

Ref : gizmochina