OnePlus က Pad Go တက်ဘလက်ကို ကြေညာလိုက်ပြီး ဈေးနှုန်း ချိုသာပါတယ်။ OnePlus Pad Go ဟာ OnePlus Pad ကို Specs တွေ လျှော့ချထားတဲ့ မော်ဒယ် ဖြစ်ပါတယ်။

OnePlus Pad Go announced with 11.35” IPS LCD and Helio G99 chipset

OnePlus Pad Go မှာ 11.35” IPS LCD 1720x2408p မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate နဲ့ 7:5 Aspect Ratio ထောက်ပံ့ထားပါတယ်။ Dolby Atmos ပါတဲ့ စပီကာ ၄ လုံး ပါလာပြီး 8MP အရှေ့ ကင်မရာ တပ်ဆင်ထားပါတယ်။

MediaTek Helio G99 Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 128/256GB Storage ထည့်သွင်းထားကာ microSD Card Slot ပါပါတယ်။ အနောက်ဘက်မှာ အရွယ်ကြီး Ring ထဲမှာ 8MP Main ကင်မရာ တပ်ဆင်ထားပါတယ်။

OnePlus Pad Go announced with 11.35” IPS LCD and Helio G99 chipset

OnePlus Pad Go မှာ Android 13 အခြေပြု OxygenOS 13.2 မောင်းနှင်ထားပြီး 33W SuperVOOC Fast Charging ထောက်ပံ့တဲ့ 8,000mAh Battery ပါပါတယ်။

Twin Mint ၁ ရောင်ထဲ ထုတ်လုပ်ထားပြီး 8/128GB WiFi Only Version ကို ၂၄၀ ဒေါ်လာနဲ့ 8/256GB LTE Version ကို ၂၈၈ ဒေါ်လာ သတ်မှတ်ထားပါတယ်။ OnePlus က ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gsmarena