[Zawgyi]

OnePlus TV ကို စက္တင္ဘာလမွာ ေၾကညာမယ္လို႔ ကုမၸဏီက အတည္ျပဳထားပါတယ္။ အခုေတာ့ အဲဒီ တီဗီရဲ႕ Specs အခ်ိဳ႕ကို ကုမၸဏီက ပထမဆံုး အေနနဲ႔ မွ်ေ၀လိုက္ပါတယ္။ OnePlus India က ၅၅ လက္မ QLED Display ကို အသံုးျပဳထားမယ္လို႔ တြစ္တာကေန ေၾကညာလိုက္ပါတယ္။ အရင္ သတင္းေတြအရ Android OS ပါတဲ့ တီဗီေတြ ျဖစ္ၿပီး အရြယ္အစားမွာ ၄၃ လက္မနဲ႔ ၇၅ လက္မၾကားရွိမယ္လို႔ သိခဲ့ရပါတယ္။ အိႏၵိယမွာ ၄၃ လက္မ ေမာ္ဒယ္ကို ေရာင္းမယ္လို႔ သတင္းထြက္ခဲ့တာပါ။

QLED ဟာ Quantum-Dot LED Screen Technology အတြက္ Samsung ရဲ႕ Marketing Term ျဖစ္ပါတယ္။ OLED နဲ႔ နာမည္ ဆင္တူေပမယ့္ နည္းပညာ မတူပါဘူး။ QLED မွာ LED Backlighting ကို သံုးထားတာပါ။ OLED မွာေတာ့ Pixel တိုင္းက ကိုယ္ပိုင္ အလင္းေရာင္ကို ထုတ္လႊင့္ပါတယ္။

OnePlus က စမတ္တီဗီ ဖန္တီးေနတဲ့ သတင္းေတြ ထြက္ေနတာ ေတာ္ေတာ္ ၾကာပါၿပီ။ Fans ေတြက အဲဒီ တီဗီရဲ႕ နာမည္ကို ေရြးေပးဖို႔ ေဆြးေႏြးမႈေတြကိုလည္း ျပဳလုပ္ခဲ့ၾကပါတယ္။ မၾကာခင္က အဲဒီ တီဗီကို ရိုးရိုးရွင္းရွင္းပဲ OnePlus TV လို႔ နာမည္ေပးမယ့္အေၾကာင္းကို ကုမၸဏီက အတည္ျပဳခဲ့ပါတယ္။ ကုမၸဏီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ တစ္ေယာက္က OnePlus Forum မွာ အတည္ျပဳခဲ့တာ ျဖစ္ၿပီး သူက “ ကိုယ့္ရဲ႕ ကိုယ္ပိုင္ ဘရန္း နာမည္ထက္ ကြ်န္ေတာ္တို႔ရဲ႕ တန္ဖိုး၊ ရည္မွန္းခ်က္နဲ႔ ဂုဏ္ပုဒ္ေတြကို ေဖာ္ျပႏုိင္တဲ့ တျခား နာမည္ မရွိဘူးလို႔ ယံုၾကည္ပါတယ္။ “ လို႔ ေျပာပါတယ္။

OnePlus က OnePlus TV Logo ကိုလည္း ျပသခဲ့ပါတယ္။ OnePlus Logo ရဲ႕ ေဘးမွာ TV စာသားကို ျဖည့္ထားပါတယ္။ ကုမၸဏီက နာမည္ေက်ာ္ ေရွးေခတ္ ဂရိ ဘုရားေက်ာင္းနဲ႔ ေရွးေခတ္ ဟိႏၵဴ သေကၤတ The Mandala တို႔လို Classic Art ေတြကို အေျချပဳၿပီး OnePlus TV Logo ကို ဖန္တီးထားတာလို႔ ေျပာပါတယ္။

Ref : theverge

[Unicode]

OnePlus TV မှာ ၅၅ လက်မ QLED Display ပါမှာ သေချာပြီ

OnePlus TV ကို စက်တင်ဘာလမှာ ကြေညာမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ အခုတော့ အဲဒီ တီဗီရဲ့ Specs အချို့ကို ကုမ္ပဏီက ပထမဆုံး အနေနဲ့ မျှဝေလိုက်ပါတယ်။ OnePlus India က ၅၅ လက်မ QLED Display ကို အသုံးပြုထားမယ်လို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ အရင် သတင်းတွေအရ Android OS ပါတဲ့ တီဗီတွေ ဖြစ်ပြီး အရွယ်အစားမှာ ၄၃ လက်မနဲ့ ၇၅ လက်မကြားရှိမယ်လို့ သိခဲ့ရပါတယ်။ အိန္ဒိယမှာ ၄၃ လက်မ မော်ဒယ်ကို ရောင်းမယ်လို့ သတင်းထွက်ခဲ့တာပါ။

QLED ဟာ Quantum-Dot LED Screen Technology အတွက် Samsung ရဲ့ Marketing Term ဖြစ်ပါတယ်။ OLED နဲ့ နာမည် ဆင်တူပေမယ့် နည်းပညာ မတူပါဘူး။ QLED မှာ LED Backlighting ကို သုံးထားတာပါ။ OLED မှာတော့ Pixel တိုင်းက ကိုယ်ပိုင် အလင်းရောင်ကို ထုတ်လွှင့်ပါတယ်။

OnePlus က စမတ်တီဗီ ဖန်တီးနေတဲ့ သတင်းတွေ ထွက်နေတာ တော်တော် ကြာပါပြီ။ Fans တွေက အဲဒီ တီဗီရဲ့ နာမည်ကို ရွေးပေးဖို့ ဆွေးနွေးမှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ မကြာခင်က အဲဒီ တီဗီကို ရိုးရိုးရှင်းရှင်းပဲ OnePlus TV လို့ နာမည်ပေးမယ့်အကြောင်းကို ကုမ္ပဏီက အတည်ပြုခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က OnePlus Forum မှာ အတည်ပြုခဲ့တာ ဖြစ်ပြီး သူက “ ကိုယ့်ရဲ့ ကိုယ်ပိုင် ဘရန်း နာမည်ထက် ကျွန်တော်တို့ရဲ့ တန်ဖိုး၊ ရည်မှန်းချက်နဲ့ ဂုဏ်ပုဒ်တွေကို ဖော်ပြနိုင်တဲ့ တခြား နာမည် မရှိဘူးလို့ ယုံကြည်ပါတယ်။ “ လို့ ပြောပါတယ်။

OnePlus က OnePlus TV Logo ကိုလည်း ပြသခဲ့ပါတယ်။ OnePlus Logo ရဲ့ ဘေးမှာ TV စာသားကို ဖြည့်ထားပါတယ်။ ကုမ္ပဏီက နာမည်ကျော် ရှေးခေတ် ဂရိ ဘုရားကျောင်းနဲ့ ရှေးခေတ် ဟိန္ဒူ သင်္ကေတ The Mandala တို့လို Classic Art တွေကို အခြေပြုပြီး OnePlus TV Logo ကို ဖန်တီးထားတာလို့ ပြောပါတယ်။

Ref : theverge