OnePlus Nord ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက OnePlus ကနေ မိတ်ဆက်ခဲ့တဲ့ Mid Range ဖုန်းတစ်လုံးဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ OnePlus အတွက်တော့ နှစ်အတော်ကြာပြီးမှ ပြန်လည်ထုတ်လုပ်တဲ့ Mid Range ဖုန်းတစ်လုံးဖြစ်ပေမယ့် US လိုမျိုး စျေးကွက်မှာတော့ တရားဝင်ရောင်းချခဲ့ခြင်းမရှိပါဘူး။ အဲ့ဒီအစား Europe နဲ့ India စျေးကွက်ကိုပဲ အဓိကရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။

အခုလည်း OnePlus ရဲ့ Development Engineer တစ်ဦးကနေ OnePlus Nord ဖုန်းကို တရုတ်နိုင်ငံမှာလည်း မိတ်ဆက်သွားဖို့ အစီအစဥ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါက အစောပိုင်းတုန်းက OnePlus Nord ကို တရုတ်နိုင်ငံစျေးကွက်မှာ မိတ်ဆက်ဖို့အချိန်နီးကပ်နေပြီဆိုတဲ့ ကောလဟာလတစ်ခုကိုပါ ပြန်လည်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး OnePlus Nord ကို ဘာကြောင့် တရုတ်နိုင်ငံမှာ မိတ်ဆက်ခြင်းမရှိတာလဲဆိုတာကိုတော့ တရားဝင်ပြောကြားခဲ့ခြင်းမရှိခဲ့ပါဘူး။ ဖြစ်နိုင်ခြေများနေတာကတော့ OnePlus ကနေ နောက်ပိုင်းမှာ Nord နာမည်နဲ့ Mid Range ဖုန်းတွေကို ဆက်လက်ထုတ်လုပ်ဖို့ရှိနေတဲ့အတွက် အခုလိုမျိုး OnePlus Nord ကို တချို့သောစျေးကွက်တွေအတွက်ပဲ အဓိကထားလိုက်တဲ့ပုံစံပါပဲ။

OnePlus Nord စမတ်ဖုန်းဟာ Qualcomm Snapdragon 765G Chipset ကိုမှ အမြင့်ဆုံး RAM 12GB နဲ့ 256GB Storage တွေအထိထည့်သွင်းထားတာဖြစ်ပါတယ်။ Display အနေနဲ့လည်း 6.44″ Full HD+ AMOLED Display ကိုမှ 90Hz Refresh Rate ပါဝင်မှာပါ။ Camera အနေနဲ့လည်း 48MP Quad Camera Setup နဲ့ Dual Punch-hole Selfie Camera တွေပါဝင်ပြီး Battery အနေနဲ့ကတော့ 4115mAh Battery ကိုမှ 30W Fast Charging လည်းထည့်သွင်းထားပါသေးတယ်။ အဲ့ဒီအတွက် Mid Range ဖုန်းတစ်လုံးအနေနဲ့ကတော့ တော်တော်လေးကို အားနည်းချက်နည်းတဲ့ဖုန်းတစ်လုံးဆိုရင်လည်း မမှားပါဘူး။

Re – Gizmo China