OnePlus ရဲ့ တက်ဘလက် သတင်းတွေ ကြားနေရတာ ၂၀၂၁ ခုနှစ်လယ် ကတည်းက ဖြစ်ပြီး ပြီးခဲ့တဲ့ ၁ နှစ်ခွဲအတွင်း အဲဒီ တက်ဘလက်ရဲ့ သတင်းများစွာ ပေါက်ကြားခဲ့ပါတယ်။ နောက်ဆုံးကြားခဲ့ရတာက ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ကြေညာမှာ ဖြစ်ပေမယ့် တကယ် မကြေညာခဲ့ပါဘူး။ အခုတော့ ၂၀၂၃ ခုနှစ် အစောပိုင်းမှာ မိတ်ဆက်မယ်လို့ သတင်းထွက်လာပါတယ်။

OnePlus Pad 5G tablet specs and price revealed ahead of launch | NextPit

Tipster Max Jambor က OnePlus ဟာ တက်ဘလက် ၁ လုံးကို ဖန်တီးနေပြီး နောက်နှစ် အစောပိုင်းမှာ ကြေညာမယ်လို့ ပြောပါတယ်။ သူက တခြား သတင်းအချက်အလက်တွေကို မပြောပါဘူး။

OnePlus Pad 5G: Pricing and specifications emerge for upcoming Android 12 tablet - NotebookCheck.net News

အရင်သတင်းတွေအရ OnePlus ရဲ့ ပထမဆုံး တက်ဘလက်ကို OnePlus Pad လို့ အမည်ပေးထားမှာ ဖြစ်ပြီး OPPO Pad ကို အဆင့်မြှင့်ထားတာဖြစ်ပါတယ်။ အဲဒီ သတင်းသာ မှန်မယ်ဆိုရင် OnePlus တက်ဘလက်ဟာ အခုအချိန်မှာ ထွက်ရှိနေလောက်ပါပြီ။

အဲဒီအတွက် ၂၀၂၃ ခုနှစ် အစောပိုင်းမှာ ကြေညာမယ့် OnePlus တက်ဘလက်ဟာ အသစ် ဖြစ်မှာပါ။ လက်ရှိမှာ အဲဒီ တက်ဘလက်ဟာ အသစ်လား၊ OPPO ရဲ့ တက်ဘလက်ကို အဆင့်မြှင့်ထားတာလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လာမယ့် ရက်သတ္တပတ်တွေအတွင်း OnePlus ရဲ့ တက်ဘလက် သတင်းအချက်အလက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။ OnePlus ဟာ တက်ဘလက် ၁ လုံးကို ဖန်တီးနေတာ သေချာတဲ့အတွက် Certification ၊ Firmware နဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာနိုင်ပါတယ်။

Ref : gizmochina