[Zawgyi]

OnePlus က စမတ္တီဗီကို ဖန္တီးေနၿပီး ၂၀၂၀ ခုႏွစ္မွာ ေၾကညာမယ္လို႔ အရင္က ေျပာခဲ့ဖူးပါတယ္။ အဲဒီ အခ်ိန္တုန္းကေတာ့ ကုမၸဏီက တီဗီရဲ႕ စြမ္းရည္မ်ားကို မေျပာသြားခဲ့ပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕ တီဗီဟာ စမတ္တီဗီနယ္ပယ္ထဲမွာ အသစ္အဆန္း ျဖစ္လာမယ္လို႔ ေျပာခဲ့ပါတယ္။ အခုေတာ့ OnePlus ရဲ႕ Bluetooth Remote Controller ကို Bluetooth SIG Certification Website မွာ ေတြ႕ရွိရတဲ့အတြက္ လာမယ့္ လအနည္းငယ္အတြင္း စမတ္ တီဗီကို ေရာင္းခ်မယ္လို႔ အြန္လိုင္းမွာ သတင္းထြက္ေပၚလာပါတယ္။

Bluetooth SIG Certifications မွာ OnePlus TV ရဲ႕ လွ်ိဳ႕၀ွက္ အမည္မွာ RC-001A ျဖစ္ပါတယ္။ သူ႔မွာ Bluetooth 4.2 ပါမယ္လို႔ ေဖာ္ျပထားေပမယ့္ အျခား Specs မ်ားကိုေတာ့ မျပသထားပါဘူး။ ဒါက အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။ လက္ရွိ စမတ္ တီဗီအားလံုးမွာ Bluetooth ဆက္သြယ္မႈ ပါတဲ့ Remote Control မ်ား ပါၾကပါတယ္။ Android TV အားလံုးမွာလည္း Bluetooth Remote Control မ်ားပါတာက ပံုေသစံႏႈန္းလို ျဖစ္ေနပါၿပီ။

သူဟာ စြမ္းရည္ျမင့္ စမတ္ တီဗီ ျဖစ္ၿပီး 4K HDR စနစ္ ၊ Android OS နဲ႕ AI Assistant တို႕ ပါ၀င္လာႏုိင္ပါတယ္။ ဧၿပီလတုန္းက Lau က “ TV Remote မ်ားဟာ  ေခတ္ေနာက္က်ေနၿပီ ျဖစ္ၿပီး သတင္းအခ်က္အလက္မ်ားကို ပိုမို ပံ့ပိုးေပးဖို႔ AI ကို အသံုးျပဳရမွာပါ။ “ လို႔ ေျပာခဲ့ပါတယ္။ Remote မွာလည္း Assistant Button တစ္ခု ပါလာႏိုင္ပါတယ္။ Google Assistant ကို အသံအမိန္႔မ်ားနဲ႔ Remote ကေန ခိုင္းေစႏုိင္မွာ ျဖစ္ပါတယ္။

OnePlus ဟာ Xiaomi Mi TV 4 Series မ်ားကို လိုက္ဖိုက္ဖို႔အတြက္ အရြယ္ေသး ၄၀ လက္မ 4K LCD Panel မ်ားကိုလည္း အသံုးျပဳႏုိင္တယ္လို႔ သံုးသပ္ေနၾကပါတယ္။ OnePlus က ေစ်းႏႈန္းသက္သာစြာနဲ႔ ေရာင္းခ်ႏုိင္ပါတယ္။

Ref : indiatoday

[Unicode]

လာမယ့်လ အနည်းငယ်အတွင်းမှာ OnePlus TV ကို ကြေညာနိုင်

OnePlus က စမတ်တီဗီကို ဖန်တီးနေပြီး ၂၀၂၀ ခုနှစ်မှာ ကြေညာမယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။ အဲဒီ အချိန်တုန်းကတော့ ကုမ္ပဏီက တီဗီရဲ့ စွမ်းရည်များကို မပြောသွားခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ တီဗီဟာ စမတ်တီဗီနယ်ပယ်ထဲမှာ အသစ်အဆန်း ဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ OnePlus ရဲ့ Bluetooth Remote Controller ကို Bluetooth SIG Certification Website မှာ တွေ့ရှိရတဲ့အတွက် လာမယ့် လအနည်းငယ်အတွင်း စမတ် တီဗီကို ရောင်းချမယ်လို့ အွန်လိုင်းမှာ သတင်းထွက်ပေါ်လာပါတယ်။

Bluetooth SIG Certifications မှာ OnePlus TV ရဲ့ လျှို့ဝှက် အမည်မှာ RC-001A ဖြစ်ပါတယ်။ သူ့မှာ Bluetooth 4.2 ပါမယ်လို့ ဖော်ပြထားပေမယ့် အခြား Specs များကိုတော့ မပြသထားပါဘူး။ ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး။ လက်ရှိ စမတ် တီဗီအားလုံးမှာ Bluetooth ဆက်သွယ်မှု ပါတဲ့ Remote Control များ ပါကြပါတယ်။ Android TV အားလုံးမှာလည်း Bluetooth Remote Control များပါတာက ပုံသေစံနှုန်းလို ဖြစ်နေပါပြီ။

သူဟာ စွမ်းရည်မြင့် စမတ် တီဗီ ဖြစ်ပြီး 4K HDR စနစ် ၊ Android OS နဲ့ AI Assistant တို့ ပါဝင်လာနိုင်ပါတယ်။ ဧပြီလတုန်းက Lau က “ TV Remote များဟာ ခေတ်နောက်ကျနေပြီ ဖြစ်ပြီး သတင်းအချက်အလက်များကို ပိုမို ပံ့ပိုးပေးဖို့ AI ကို အသုံးပြုရမှာပါ။ “ လို့ ပြောခဲ့ပါတယ်။ Remote မှာလည်း Assistant Button တစ်ခု ပါလာနိုင်ပါတယ်။ Google Assistant ကို အသံအမိန့်များနဲ့ Remote ကနေ ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။

OnePlus ဟာ Xiaomi Mi TV 4 Series များကို လိုက်ဖိုက်ဖို့အတွက် အရွယ်သေး ၄၀ လက်မ 4K LCD Panel များကိုလည်း အသုံးပြုနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ OnePlus က ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချနိုင်ပါတယ်။

Ref : indiatoday