OnePlus Gallery ဟာ OnePlus ဖုန်းတွေမှာ ပါတဲ့ Default Gallery App ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ OnePlus ဟာ Google Photos ဆီက လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးနေခဲ့ပါတယ်။ မေလမှာ Google Lens နဲ့ ဇူလိုင်လမှာ Casting တွေ ပါလာပြီး အခု ဩဂုတ်လမှာ 4K 60fps ဗီဒီယိုတွေကို Edit လုပ်နိုင်တဲ့ လုပ်ဆောင်ချက် ထည့်ပေးလိုက်ပါတယ်။

ဖုန်း အများစုရဲ့ Default Gallery မှာ အဆင့်မြင့် လုပ်ဆောင်ချက်တွေ မပါလာပါဘူး။ အဲဒါဟာ ဖုန်း သိပ်မသုံးတတ်တဲ့ လူတွေအတွက်တော့ ကောင်းပေမယ့် နည်းပညာ ကျွမ်းကျင်သူတွေ အတွက် အဆင်မပြေပါဘူး။ အဆင့်မြင့် လုပ်ဆောင်ချက်တွေ ပါတဲ့ Gallery App တွေကို ထည့်သုံးလို့ ရပေမယ့် Default Gallery App မှာ အဲဒါတွေ ထည့်ပေးထားရင် အကောင်းဆုံးပါ။

OnePlus Gallery App က 4K 60fps ဗီဒီယိုတွေကို Editing လုပ်နိုင်တဲ့ Option တွေထဲမှာ Trimming, Applying Filters & Music တွေ ပါပါတယ်။ နည်းပညာ ဝါသနာပါသူတွေအတွက် ဒါတွေက ကလိလို့ သိပ်ကောင်းပါတယ်။

ဒါ့အပြင် OnePlus TV မှာ Photo Projecting လုပ်နိုင်လာပြီ ဖြစ်ပြီး Photo တွေ Share လုပ်တဲ့အခါ ဖြစ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးထားပါတယ်။ OnePlus Gallery App ကို Play Store မှာ ရယူနိုင်တဲ့အတွက် OnePlus ဖုန်းတွေမှာ System Update ကို စောင့်စရာ မလိုပါဘူး။

Ref : gizmochina