OnePlus ဟာ လက်ရှိအချိန်မှာ OnePlus 11 လိုမျိုး Flagship ဖုန်းတွေအပြင် မကြာခင်မှာ Foldable ဖုန်းအသစ်ကိုပါ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုလည်း တရုတ်နိုင်ငံတွင်း နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ရဲ့ ပြောကြားချက်အရ စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတစ်ခုကို ထပ်မံသိရှိခဲ့ရပါတယ်။

ဒါကတော့ OnePlus ကနေ လာမယ့် ၂၀၂၄ ခုနှစ်မှာ မိတ်ဆက်လာမယ့် စမတ်ဖုန်းတွေအားလုံးမှာ Qualcomm Snapdragon Chipset တွေကိုပဲ သီးသန့်အသုံးပြုသွားမှာဖြစ်ပါတယ်။ အခုလိုမျိုး အသုံးပြုနိုင်ဖို့အတွက် OnePlus နဲ့ Qualcomm ကုမ္ပဏီတွေဟာ သီးသန့် Exclusive Contract အနေနဲ့ စာချူပ်ချူပ်ဆိုထားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် OnePlus ရဲ့ Flagship ဖုန်းအသစ်ဖြစ်လာမယ့် OnePlus 12 ဖုန်းဟာ Qualcomm Snapdragon 8 Gen 3 Chipset နဲ့ OnePlus 12R ၊ OnePlus Nord 4 သို့မဟုတ် Nord 5 ဖုန်းတွေမှာ Snapdragon 8 Gen 2 ၊ Snapdragon 7 Gen 3 Chipset တွေအသုံးပြုလာဖို့ သေချာသွားပြီဖြစ်ပါတယ်။ OnePlus 12 ဟာ ယခုနှစ် နိုဝင်ဘာလအတွင်းမှာ အစောဆုံးမိတ်ဆက်လာမှာဖြစ်ပြီး 2K 120Hz OLED Display ၊ 1TB UFS 4.0 Storage တွေအပြင် ကင်မရာပိုင်းနဲ့ Fast Charging ပိုင်းတွေမှာပါ ပိုမိုတိုးတက်လာမှာပါ။

နောက်ထပ်ထူးခြားချက်တစ်ခုက အခုလိုမျိုး Snapdragon Chipset ကိုပဲ သီးသန့်အသုံးပြုလာမှာက OnePlus ဖုန်းတွေတင်မဟုတ်ဘဲ BBK ကုမ္ပဏီရဲ့ လက်အောက်ခံကုမ္ပဏီတွေဖြစ်တဲ့ OPPO နဲ့ realme လိုမျိုး ကုမ္ပဏီတွေလည်းပါဝင်မယ်လို့ သိရပါတယ်။ ဒါကြောင့် နောက်နှစ် OnePlus အပြင် OPPO ၊ realme က မိတ်ဆက်မယ့် စမတ်ဖုန်းတွေမှာ MediaTek Dimensity Chipset တွေအစား Snapdragon Chipset တွေပဲ မိတ်ဆက်ဖို့ကတော့ သေချာသွားပြီဖြစ်ပါတယ်။

Ref – Gizmo China