OnePlus ဟာ မကြာခင်မှာ OnePlus 11 Series ကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ OnePlus 11 Series ဖုန်းတွေရဲ့ ထူးခြားချက်တွေထဲကတစ်ခုကတော့ ပထမဆုံးအနေနဲ့ OnePlus ဖုန်းတွေထဲမှာ 100W Fast Charging ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။

အခုလည်း OnePlus 11 ဖုန်းတွေကို အားသွင်းပေးနိုင်မယ့် Charger တစ်ခုကို OnePlus ကနေ မိတ်ဆက်ရောင်းချပေးသွားတော့မယ်လို့ သိရပါတယ်။ အဆိုပါ Charger ကတော့ 100W Dual Port Fast Charger ပဲဖြစ်ပြီး အမြင့်ဆုံး 100W အထိ အမြန်အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။

OnePlus ရဲ့ 100W Dual Port Charger ဟာ SuperVOOC နည်းပညာကို အသုံးပြုထားတာဖြစ်ပြီး OnePlus 11 ဖုန်းတွေအပြင် 100W Fast Charging ကို ထောက်ပံ့ပေးနိုင်တဲ့ OPPO ဖုန်းတွေကိုပါ အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။ Dual Port အမျိုးအစားဖြစ်တဲ့အတွက် USB-C အပြင် USB-A Port လည်းပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် 100W နဲ့ အားသွင်းနိုင်ဖို့အတွက်ကတော့ USB-C ကိုပဲ အသုံးပြုရမှာပါ။

နောက်ထပ်အားသာချက်တစ်ခုကတော့ Laptop တွေမှာ အသုံးများတဲ့ USB-C Power Delivery (PD) Charging စနစ်ကိုလည်း 65W အထိ ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် တခြားသော USB-C PD ပါဝင်တဲ့ Device တွေကိုလည်း အားသွင်းပေးနိုင်မှာပါ။

OnePlus 11 ဖုန်းတွေဟာ 100W Fast Charging ကို အဆင့်မြှင့်တင်လိုက်တဲ့အတွက် 0% ကနေ 50% အထိ အားသွင်းဖို့ကို အချိန် ၁၀ မိနစ်ပဲ ကြာမြင့်မှာဖြစ်ပြီး 100% အထိ အားသွင်းမယ်ဆိုရင်လည်း ၂၅ မိနစ်ပဲ အချိန်ပေးရတော့မှာဖြစ်ပါတယ်။

Ref – Gizmo China