OnePlus ကနေ ယခုနှစ်အတွင်းမှာ Flagship Series ဖုန်းတွေဖြစ်တဲ့ OnePlus 8 Series ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ယခုနှစ်မှာထူးခြားချက်အနေနဲ့ Mid Range OnePlus ဖုန်းဖြစ်လာမယ့် OnePlus Z သို့မဟုတ် OnePlus Nord ဖုန်းကိုလည်း လာမယ့်ဇူလိုင်လအတွင်းမှာ မိတ်ဆက်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အခုလည်း OnePlus ကုမ္ပဏီရဲ့ Co-Founder ဖြစ်တဲ့ Carl Pei ကနေ OnePlus Z ဖုန်းကို ရောင်းချလာနိုင်မယ့်စျေးနှုန်းနဲ့ သက်ဆိုင်တဲ့ Tweet တစ်ခုကို Twitter စာမျက်နှာမှာတင်ထားခဲ့ပါတယ်။ အဆိုပါ Tweet ကတော့ OnePlus ရဲ့ ပထဆုံးစမတ်ဖုန်းဖြစ်တဲ့ OnePlus One ဖုန်းကို မိတ်ဆက်ခဲ့တုန်းက ပုံပဲဖြစ်ပြီး စာသားအနေနဲ့ “It’s been a while” ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

OnePlus One စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီးတော့ စျေးနှုန်းအနေနဲ့ $299 ကနေ စတင်ခဲ့တာဖြစ်တဲ့အတွက် Flagship Killer ဆိုတဲ့နာမည်ကို စတင်ရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် OnePlus ကနေ လာမယ့် OnePlus Z စမတ်ဖုန်းကိုလည်း အလားတူစျေးနှုန်းနဲ့ မိတ်ဆက်သွားနိုင်တယ်ဆိုပြီး ထင်မြင်ချက်တွေပေးနေကြပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus Z စမတ်ဖုန်းဟာ Qualcomm Snapdragon 765G Chipset ၊ 90Hz AMOLED Display နဲ့ 48MP Triple Camera Setup တွေပါဝင်လာမှာဖြစ်တဲ့အတွက် တကယ်သာ $299 နဲ့ စတင်ရောင်းချမယ်ဆိုရင် အောင်မြင်တဲ့ Mid Range ဖုန်းတစ်လုံးဖြစ်လာဦးမှာပါ။ OnePlus အနေနဲ့ အခုလိုမျိုးဆုံးဖြတ်လိုက်တာကလည်း ပြီးခဲ့တဲ့ လပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ $399 တန် Apple iPhone SE (2020) နဲ့ မကြာခင်မှာ $349 နဲ့ မိတ်ဆက်လာနိုင်တဲ့ Google Pixel 4a စမတ်ဖုန်းတွေကို ယှဥ်ပြိုင်ချင်တဲ့အတွက်ဖြစ်နိုင်ပါတယ်။

Ref – Android Central