ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကပဲ OnePlus Z ကို Geekbench မှာတွေ့မြင်ခဲ့ကြရပါတယ်။ Qualcomm Snapdragon 765G Chipset ကို အသုံးပြုထားတာလည်း တွေ့မြင်ခဲ့ရပြီး Geekbench ရမှတ်တွေကိုလည်း တစ်ပါတည်း မြင်တွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။

အခုတော့ OnePlus Z ရဲ့အခြားအချက်အလက်အချို့နဲ့ အရောင်တွေအကြောင်းကို တွစ်တာမှာ သတင်းပေါက်ကြားမှု ဖြစ်လာပြန်ပါပြီ။ ယိုစိမ့်လာတဲ့သတင်းက OnePlus Z ကို ဇူလိုင်လ ဒုတိယပတ်မှာ မိတ်ဆက်မယ်လို့ ဆိုပေမယ့်လည်း၊ အဲဒီအချိန်မဟုတ်ဘဲ ရွှေ့ဆိုင်းတာလည်း လုပ်နိုင်သေးတယ်လို့ သိရပါတယ်။

OnePlus Z ဟာ 6.5-inch S-AMOLED display နဲ့ ဖြစ်တယ်လို့ ပေါက်ကြားမှုအရ သိရပါတယ်။ Punch-hole နဲ့အတူ 16MP selfie ကင်မရာတစ်လုံးလည်း ပါဝင်မယ်လို့ သိရပါတယ်။ ကျောဘက်မှာတော့ 48MP Sony lens နဲ့ အဓိကကင်မရာ၊ 12MP ultrawide ပြီးတော့ 13MP telephoto sensor တွေ ပါဝင်မယ်လို့ ဆိုပါတယ်။

ကင်မရာတွေကို Laser autofocus unit က ကူညီပေးထားမှာဖြစ်ပြီး Android 10 အခြေခံ OxygenOS 10 မောင်းနှင်ထားမယ်လို့ ဆိုပါတယ်။ 4,000mAh ဘက်ထရီတပ်ဆင်ထားပြီး USB-C ကတစ်ဆင့် 30W အားသွင်းစနစ်နဲ့ အားသွင်းနိုင်ပါလိမ့်မယ်။ 8GB နဲ့ 12G B of RAM နှစ်မျိုးရှိသလို 128GB နဲ့ 256GB storage ဆိုပြီးတော့လည်း နှစ်မျိုးရှိမယ်လို့ သိရပါတယ်။ အရောင်တွေကတော့ Black, Blue, White နဲ့ Limited-edition အရောင်ဆိုပြီး ထွက်လာမယ်လို့ သိရပါတယ်။

Ref: Gizmochina