Qualcomm Snapdragon 765G SoC ပါတဲ့ OnePlus Z ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အခုတော့ အဲဒီဖုန်းရဲ့ သတင်းတွေ ထွက်လာပါတယ်။ ဇူလိုင်လ ဒုတိယ အပတ်မှာ ကြေညာမှာ ဖြစ်ပြီး ၆ ရက်နေနဲ့ ၁၂ ရက်နေ့အတွင်း ချပြမယ်လို့ သတင်းထွက်လာပါတယ်။ ကုမ္ပဏီက ကြေညာမယ့်နေ့ကို တရားဝင် မပြောသေးပါဘူး။

OnePlus Z မှာ ကင်မရာ စုဖွဲ့မှုကို ဆန်းသစ်ထားမှာဖြစ်ပြီး မျက်နှာပြင် အထက် အလယ်တည့်တည့်က အရွယ်သေး Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 48MP , 12MP , 13MP ကင်မရာတွေနဲ့ Laser Autofocus System ပါလာနိုင်ပါတယ်။

၆.၄- ၆.၅ လက်မ AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 90Hz Refresh Rate ထောက်ပံ့ထားမှာပါ။ 8/12GB RAM နဲ့ 128/256GB Storage တွေ ရွေးချယ်နိုင်မှာပါ။ 4,000mAh ဘက်ထရီ ထောက်ပံ့ထားပြီး 30W Fast Charging ပါလာမှာပါ။ USB Type-C Port ပါတဲ့အတွက် အားသွင်းတာ၊ ဒေတာ ကူးတာ မြန်ဆန်မှာ ဖြစ်ပါတယ်။ Android 10 အခြေပြု OxygenOS 10 မောင်းနှင်ထားမှာ ဖြစ်ပြီး အနက်၊ အဖြူ၊ အပြာရောင်တွေ အပြင် အထူးထုတ် အရောင်တွေ ရွေးချယ်နိုင်မှာပါ။

Ref : gizchina