Zawgyi

OnePlus အေနနဲ႔ သူတို႔ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းျဖစ္တဲ့ OnePlus 6T ကို ေအာက္တိုဘာလ ၁၇ရက္ေန႔မွာ မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ အိႏၵိယႏိုင္ငံရွိ Amazon ဝက္ဆိုက္မွာ OnePlus 6T ကို Pre-orders မွာယူႏိုင္ၿပီ ျဖစ္ေၾကာင္း သတင္းမ်ား ထြက္ေပၚလာပါတယ္။

အဆိုပါ သတင္းကို MySmartPrice နဲ႔ Android Pure တို႔က ကနဦး စတင္သိရွိခဲ့တာ ျဖစ္ၿပီး OnePlus 6T ကို ေအာက္တိုဘာလ ၃၀ရက္ေန႔ မတိုင္ခင္အထိ Pre-orders မွာယူႏိုင္မယ္လို႔ သိရပါတယ္။ Pre-orders မွာယူတဲ့ မိဘ ျပည္သူမ်ားအတြက္ Type-C Earphones တစ္ခုကို လက္ေဆာင္ေပးသြားမွာ ျဖစ္ၿပီး၊ အဆိုပါ Type-C Earphones ဟာ OnePlus က အသစ္ထပ္မံ မိတ္ဆက္မယ့္ မ်ိဴးဆက္သစ္ Bullets Earphones ျဖစ္ႏိုင္ေၾကာင္း ကြၽမ္းက်င္သူမ်ား ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

OnePlus 6T ဟာ ၆.၄ လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ AMOLED Display နဲ႔ ပြဲထြက္လာမွာ ျဖစ္ၿပီး Oppo F9 တို႔၊ Vivo V11 တို႔လိုမ်ိဴး Waterdrop Notch Display ကို အသုံးျပဳထားပါတယ္။ Display ကို Corning Gorilla Glass နဲ႔ ဖုံးအုပ္ထားႏိုင္ၿပီး In-display Fingerprint နည္းပညာ ပါဝင္လာမယ္လို႔ သိရပါတယ္။ Operating System အပိုင္းအတြက္ Android 9.0 Pie ကို ထည့္သြင္းေမာင္းႏွင္ထားႏိုင္ၿပီး Processor အပိုင္းအတြက္ Snapdragon 845 ကို အသုံးျပဳထားမွာ ျဖစ္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3700mAh ထည့္သြင္းထားႏိုင္ၿပီး DashCharge အျမန္အားသြင္းစနစ္ ပါဝင္မွာ ျဖစ္ပါတယ္။ OnePlus 6T ဟာ OnePlus 6 ထက္ ဘာေတြ ထူးျခား ေျပာင္းလဲ လာလဲ၊ ဘာေတြ တိုးတက္ေကာင္းမြန္လာလဲ ဆိုတာကိုေတာ့ လာမယ့္ ေအာက္တိုဘာလ ၁၇ရက္ေန႔မွာ က်င္းပမယ့္ OnePlus 6T မိတ္ဆက္ပြဲကို ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Ref: The Indian EXPRESS

Unicode

OnePlus 6T ကို Amazon India ကနေ တဆင့် Pre-order မှာယူနိုင်ပြီ

OnePlus အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ OnePlus 6T ကို အောက်တိုဘာလ ၁၇ရက်နေ့မှာ မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အိန္ဒိယနိုင်ငံရှိ Amazon ဝက်ဆိုက်မှာ OnePlus 6T ကို Pre-orders မှာယူနိုင်ပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။

အဆိုပါ သတင်းကို MySmartPrice နဲ့ Android Pure တို့က ကနဦး စတင်သိရှိခဲ့တာ ဖြစ်ပြီး OnePlus 6T ကို အောက်တိုဘာလ ၃၀ရက်နေ့ မတိုင်ခင်အထိ Pre-orders မှာယူနိုင်မယ်လို့ သိရပါတယ်။ Pre-orders မှာယူတဲ့ မိဘ ပြည်သူများအတွက် Type-C Earphones တစ်ခုကို လက်ဆောင်ပေးသွားမှာ ဖြစ်ပြီး၊ အဆိုပါ Type-C Earphones ဟာ OnePlus က အသစ်ထပ်မံ မိတ်ဆက်မယ့် မျိူးဆက်သစ် Bullets Earphones ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများ ခန့်မှန်းပြောဆိုထားကြပါတယ်။

OnePlus 6T ဟာ ၆.၄ လက်မ မျက်နှာပြင် အကျယ်ရှိ AMOLED Display နဲ့ ပွဲထွက်လာမှာ ဖြစ်ပြီး Oppo F9 တို့၊ Vivo V11 တို့လိုမျိူး Waterdrop Notch Display ကို အသုံးပြုထားပါတယ်။ Display ကို Corning Gorilla Glass နဲ့ ဖုံးအုပ်ထားနိုင်ပြီး In-display Fingerprint နည်းပညာ ပါဝင်လာမယ်လို့ သိရပါတယ်။ Operating System အပိုင်းအတွက် Android 9.0 Pie ကို ထည့်သွင်းမောင်းနှင်ထားနိုင်ပြီး Processor အပိုင်းအတွက် Snapdragon 845 ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3700mAh ထည့်သွင်းထားနိုင်ပြီး DashCharge အမြန်အားသွင်းစနစ် ပါဝင်မှာ ဖြစ်ပါတယ်။ OnePlus 6T ဟာ OnePlus 6 ထက် ဘာတွေ ထူးခြား ပြောင်းလဲ လာလဲ၊ ဘာတွေ တိုးတက်ကောင်းမွန်လာလဲ ဆိုတာကိုတော့ လာမယ့် အောက်တိုဘာလ ၁၇ရက်နေ့မှာ ကျင်းပမယ့် OnePlus 6T မိတ်ဆက်ပွဲကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref: The Indian EXPRESS