[Zawgyi]

ၿပီးခဲ့သည့္အပတ္က မြန္ျပည္နယ္အတြင္းရွိ ေနရာေဒသေတာ္ေတာ္မ်ားမ်ားတြင္ မထင္မွတ္ဘဲ မိုးသည္းထန္စြာ႐ြာသြန္းခဲ့ျခင္း ႏွင့္ ဒီေရတက္ျခင္းတို႔ေၾကာင့္ ေရႀကီးေရလွ်ံျခင္းဆိုး႐ြားစြာျဖစ္ေပၚေစခဲ့ပါသည္။ မြန္ျပည္နယ္အတြင္းမွ ျပည္သူလူထုအမ်ားစုသည္ ေရႀကီးေရလွ်ံျခင္းေၾကာင့္ ေနရပ္ကို ယာယီစြန႔္ခြာခဲ့ရၿပီး အခ်ိဳ႕ေသာ ျပည္သူမ်ားသည္ ေျမၿပိဳက်ျခင္းေၾကာင့္ မိမိတို႔၏ေနရပ္ကို အၿပီးစြန႔္ခြာၾကရပါသည္။ သို႔ပါေသာေၾကာင့္ အူရီဒူးျမန္မာအေနျဖင့္ မြန္ျပည္နယ္အတြင္းရွိ ေရးေဘးသင့္ေဒသမ်ားမွ ျပည္သူမ်ားထံသို႔ လူသားခ်င္းစာနာမႈ အကူအညီမ်ား သြားေရာက္ေပးအပ္ခဲ့ပါသည္။

အူရီဒူးအေနျဖင့္ အိတ္တစ္အိတ္တြင္ ဆန္ ၂ကီလိုဂရမ္၊ အသင့္စား ငါးေသတၱာ ၄ဗူး၊ စာသုံးဆီ ၁လီတာ ႏွင့္ ေခါက္ဆြဲေျခာက္ ၁၀ ထုတ္ ပါဝင္ေသာ စာနပ္ရိကၡာအိတ္မ်ားကို မြန္ျပည္နယ္အတြင္းရွိ ေရေဘးသင့္ေဒသမ်ားရွိ ျပည္သူမ်ား ၄၁,၀၀၀ ေက်ာ္ (အိမ္ေထာင္စုေပါင္း ၇,၈၀၀ ခန႔္) ထံသို႔ သြားေရာက္ၿပီး ေပးအပ္ခဲ့ပါသည္။

အဆိုပါ အကူအညီမ်ားအျပင္ ေရႀကီးမႈအျပင္ေျမၿပိဳက်ျခင္းစတဲ့ ေဘးဒုကၡမ်ားႏွင့္ ႀကဳံေတြ႕ခဲ့ရေသာ ေရးၿမိဳ႕နယ္ရွိ ျပည္သူမ်ားအတြက္ မိသားစုမ်ား ႏွင့္ မိတ္ေဆြမ်ား ႏွင့္ ဆက္သြယ္ေရးအဆင္ေျပေစရန္ အူရီဒူးျမန္မာမွ ၂ဝ၁၉ ခုႏွစ္၊ ၾသဂုတ္လ ၁၈ ရက္ေန႔အထိ အူရီဒူးအခ်င္းခ်င္း အကန႔္အသတ္မရွိ အခမဲ့ဖုန္းေခၚဆိုႏိုင္ရန္ႏွင့္ SMS ေပးပို႔ႏိုင္ရန္ ပံ့ပိုးကူညီေပးခဲ့ပါသည္။

အူရီဒူးျမန္မာ၏ Head of Corporate Communications ျဖစ္သူ ဦးတင့္ႏိုင္ထြဋ္က “အူရီဒူးျမန္မာဟာ ျမန္မာႏိုင္ငံအတြင္းရွိ ျပည္သူလူထုနဲ႔ ေကာင္းမြန္ျပည့္ဝတဲ့လူေနမႈဘဝရရွိေရးကို အၿမဲဂ႐ုစိုက္ပါတယ္။ မိမိတို႔လုပ္ငန္းလုပ္ေဆာင္ရာေဒသရွိ မိဘျပည္သူေတြအတြက္ လိုအပ္ခ်က္ရွိတဲ့အခါတိုင္းမွာ ကြၽန္ေတာ္တို႔အေနနဲ႔ ကူညီပံ့ပိုးေပးဖို႔ အၿမဲအသင့္ရွိေနပါတယ္။ ယခုအခါမွာလည္း ျမန္မာႏိုင္ငံေအာက္ပိုင္း ေရလႊမ္းတဲ့ေဒသေတြက မိဘျပည္သူေတြဆီကို သြားေရာက္ကူညီပံ့ပိုးေပးလ်က္ရွိပါတယ္။” ဟု ေျပာၾကားလိုက္ပါသည္။

[Unicode]

အူရီဒူးမြန်မာက မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီပေးအပ်

ပြီးခဲ့သည့်အပတ်က မွန်ပြည်နယ်အတွင်းရှိ နေရာဒေသတော်တော်များများတွင် မထင်မှတ်ဘဲ မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်း နှင့် ဒီရေတက်ခြင်းတို့ကြောင့် ရေကြီးရေလျှံခြင်းဆိုးရွားစွာဖြစ်ပေါ်စေခဲ့ပါသည်။ မွန်ပြည်နယ်အတွင်းမှ ပြည်သူလူထုအများစုသည် ရေကြီးရေလျှံခြင်းကြောင့် နေရပ်ကို ယာယီစွန့်ခွာခဲ့ရပြီး အချို့သော ပြည်သူများသည် မြေပြိုကျခြင်းကြောင့် မိမိတို့၏နေရပ်ကို အပြီးစွန့်ခွာကြရပါသည်။ သို့ပါသောကြောင့် အူရီဒူးမြန်မာအနေဖြင့် မွန်ပြည်နယ်အတွင်းရှိ ရေးဘေးသင့်ဒေသများမှ ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများ သွားရောက်ပေးအပ်ခဲ့ပါသည်။

အူရီဒူးအနေဖြင့် အိတ်တစ်အိတ်တွင် ဆန် ၂ကီလိုဂရမ်၊ အသင့်စား ငါးသေတ္တာ ၄ဗူး၊ စာသုံးဆီ ၁လီတာ နှင့် ခေါက်ဆွဲခြောက် ၁၀ ထုတ် ပါဝင်သော စာနပ်ရိက္ခာအိတ်များကို မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ဒေသများရှိ ပြည်သူများ ၄၁,၀၀၀ ကျော် (အိမ်ထောင်စုပေါင်း ၇,၈၀၀ ခန့်) ထံသို့ သွားရောက်ပြီး ပေးအပ်ခဲ့ပါသည်။

အဆိုပါ အကူအညီများအပြင် ရေကြီးမှုအပြင်မြေပြိုကျခြင်းစတဲ့ ဘေးဒုက္ခများနှင့် ကြုံတွေ့ခဲ့ရသော ရေးမြို့နယ်ရှိ ပြည်သူများအတွက် မိသားစုများ နှင့် မိတ်ဆွေများ နှင့် ဆက်သွယ်ရေးအဆင်ပြေစေရန် အူရီဒူးမြန်မာမှ ၂ဝ၁၉ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့အထိ အူရီဒူးအချင်းချင်း အကန့်အသတ်မရှိ အခမဲ့ဖုန်းခေါ်ဆိုနိုင်ရန်နှင့် SMS ပေးပို့နိုင်ရန် ပံ့ပိုးကူညီပေးခဲ့ပါသည်။

အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်က “အူရီဒူးမြန်မာဟာ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုနဲ့ ကောင်းမွန်ပြည့်ဝတဲ့လူနေမှုဘဝရရှိရေးကို အမြဲဂရုစိုက်ပါတယ်။ မိမိတို့လုပ်ငန်းလုပ်ဆောင်ရာဒေသရှိ မိဘပြည်သူတွေအတွက် လိုအပ်ချက်ရှိတဲ့အခါတိုင်းမှာ ကျွန်တော်တို့အနေနဲ့ ကူညီပံ့ပိုးပေးဖို့ အမြဲအသင့်ရှိနေပါတယ်။ ယခုအခါမှာလည်း မြန်မာနိုင်ငံအောက်ပိုင်း ရေလွှမ်းတဲ့ဒေသတွေက မိဘပြည်သူတွေဆီကို သွားရောက်ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။” ဟု ပြောကြားလိုက်ပါသည်။