[Zawgyi]

အူရီဒူးအမွတ္တံဆိပ္ေက်းလက္အေရာင္းဆိုင္မ်ားက ျမန္မာအမ်ိဳးသမီးမ်ားအား ၎တို႔၏ မိသားစုမ်ားကို ေငြေၾကးပံ့ပိုးေပးႏိုင္ရန္အတြက္ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္း စတင္ႏိုင္ရန္ ရင္းႏွီးမတည္ေပးသည္။ ေက်းလက္အေရာင္းဆိုင္ေပါင္း (၇၀၀)ေက်ာ္ကို ဖြင့္လွစ္ေပးႏိုင္ခဲ့ၿပီး ယခု ၂၀၁၉ခုႏွစ္ကုန္တြင္ ေက်းလက္အေရာင္းဆိုင္ေပါင္း (၁,၀၀၀) အထိ ဖြင့္လွစ္ေပးရန္ရည္႐ြယ္ထားသည္။

အူရီဒူးျမန္မာသည္ ျမန္မာအမ်ိဳးသမီးမ်ားေန႔ကို ဂုဏ္ျပဳသည့္ အထိမ္းအမွတ္အျဖစ္ အမ်ိဳးသမီးမ်ားအတြက္ ေအာင္ျမင္မႈ ႏွင့္ အက်ိဳးသက္ေရာက္မႈမ်ား ရရွိေစသည့္ ေက်းလက္အေရာင္းဆိုင္မ်ားအား ဖြင့္လွစ္ႏိုင္ရန္ မတည္ေပးျခင္းစီမံကိန္း ကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခဲ့ပါသည္။ အေျခခံပညာအဆင့္ သင္ၾကားတတ္ေျမာက္ထားေသာ အမ်ိဳးသမီးမ်ားကို ေ႐ြးခ်ယ္ၿပီး ကိုယ္ပိုင္ေက်းလက္အေရာင္းဆိုင္လုပ္ငန္းကို လုပ္ကိုင္ႏိုင္ရန္ အခြင့္အလမ္းမ်ားကို အူရီဒူးျမန္မာက ေဖာ္ေဆာင္ေပးပါသည္။ အူရီဒူးမွ ေငြေၾကးပံ့ပိုးေပးျခင္း၊ စီးပြားေရးဆိုင္ရာဗဟုသုတမ်ား၊ ဒီဂ်စ္တယ္ ဝန္ေဆာင္မႈမ်ား၊ ထုတ္ကုန္မ်ား ႏွင့္ ဒီဂ်စ္တယ္ဗဟုသုတ တိုးပြားေရး အစရွိေသာ သင္တန္းမ်ားပို႔ခ်ေပးျခင္းျဖင့္ အျပည့္အ၀ ပံ့ပိုးေပးခဲ့ပါသည္။ ေက်းလက္ေဒသႏွင့္ ၿမိဳ႕ျပႏွင့္ ေဝးကြာေသာ ေဒသအနီးတစ္ဝိုက္ရွိ အမ်ိဳးသမီးမ်ားအတြက္ အလုပ္အကိုင္ အခြင့္အလမ္းမ်ား၊ သင္တန္းမ်ား ႏွင့္ ေရရွည္အက်ိဳးရွိေစေသာ ကိုယ္ပိုင္စီးပြာေရးလုပ္ငန္းမ်ားကို ဖန္တီးေပးျခင္းျဖင့္ အမ်ိဳးသမီးထုအတြက္ ပိုမိုေကာင္းမြန္ေသာ အနာဂတ္အတြက္ လုပ္ပိုင္ခြင့္မ်ားအား အူရီဒူးက အဆိုပါအစီအစဥ္မွတဆင့္ ေဖာ္ေဆာင္ေပးျခင္းျဖစ္ပါသည္။

အူရီဒူးျမန္မာ၏ Chief Commercial Officer ျဖစ္သူ Mr. Alok Verma က “ျမန္မာႏိုင္ငံတစ္ဝန္းရွိ ေက်းလက္ေဒသေတြက အမ်ိဳးသမီး စီးပြားေရးစြန႔္ဦးေဆာင္႐ြက္သူေတြနဲ႔အတူ ေရရွည္အက်ိဳးျပဳမယ့္ ပူးေပါင္းေဆာင္႐ြက္မႈပုံစံကို ဖန္တီးေဖာ္ေဆာင္ေပးလိုက္ပါတယ္။ အခုလုပ္ေဆာင္ခ်က္ဟာဆိုရင္ ျမန္မာႏိုင္ငံတစ္ဝန္းမွာရွိတဲ့ အမ်ိဳးသမီးမ်ားအတြက္ ႏိုင္ငံတကာအဆင့္မီ ဒီဂ်စ္တယ္အေတြ႕အႀကဳံမ်ား ေပးအပ္တဲ့အျပင္ အလုပ္အကိုင္အခြင့္အလမ္းမ်ားနဲ႔ စြန႔္ဦးတီထြင္လုပ္ကိုင္သူမ်ား ပိုမိုမ်ားျပား လာဖို႔လည္း လုပ္ေဆာင္ေပးပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ ဒီအစီအစဥ္ကေနတဆင့္ ျမန္မာအမ်ိဳးသမီးေတြရဲ႕ ေနထိုင္မႈပုံစံေတြ တိုးတက္လာမွာျဖစ္တဲ့အျပင္ သူတို႔ရဲ႕ ပတ္ဝန္းက်င္ကိုလည္း ေနထိုင္မႈပုံစံေတြတိုးတက္လာေအာင္ လုပ္ေဆာင္ေပးႏိုင္မွာျဖစ္တယ္လို႔ ယုံၾကည္ပါတယ္။” ဟုေျပာၾကားလိုက္ပါသည္။

ယခုအခါ အူရီဒူးမွ ျမန္မာႏိုင္ငံအႏွံအျပားတြင္ ေက်းလက္အေရာင္းဆိုင္ေပါင္း (၇၀၀) ေက်ာ္ကို ဖြင့္လွစ္ေပးႏိုင္ခဲ့ၿပီး ယခု ၂၀၁၉ခုႏွစ္ကုန္တြင္ ေက်းလက္အေရာင္းဆိုင္ေပါင္း (၁,၀၀၀) အထိဖြင့္လွစ္ေပးႏိုင္ရန္ ရည္႐ြယ္ထားပါသည္။ အူရီဒူးအေနျဖင့္ ျမန္မာအမ်ိဳးသမီမ်ားကို ပိုမိုေကာင္းမြန္ေသာ အနာဂတ္ကိုပိုင္ဆိုင္ခြင့္ရရွိေစရန္ လုပ္ပိုင္ခြင့္မ်ားကို ဆက္လက္ေဖာ္ေဆာင္ေပးသြားမည္ျဖစ္ပါသည္။

အူရီဒူးသည္ အလားအလာရွိေသာ ဒီဂ်စ္တယ္နည္းပညာမ်ားကို လမ္းဖြင့္ေပးျခင္း ႏွင့္ ျမန္မာအမ်ိဳးသမီးမ်ားအတြက္ လုပ္ပိုင္ခြင့္မ်ားကို ေဖာ္ေဆာင္ေပးျခင္းျဖင့္ ကုလသမဂၢ၏ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးေရးပန္းတိုင္မ်ား (United Nation Sustainable Development Goals -SDGs) ႏွင့္အညီ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လွ်က္ရွိပါသည္။

[Unicode]

အူရီဒူးက ရေရှည်အကျိုးရှိစေမည့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို မြန်မာအမျိုးသမီးများအတွက် မတည်ထူထောင်ပြီး လုပ်ကိုင်ခွင့်ဖော်ဆောင်ပေး

အူရီဒူးအမှတ်တံဆိပ်ကျေးလက်အရောင်းဆိုင်များက မြန်မာအမျိုးသမီးများအား ၎င်းတို့၏ မိသားစုများကို ငွေကြေးပံ့ပိုးပေးနိုင်ရန်အတွက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်နိုင်ရန် ရင်းနှီးမတည်ပေးသည်။ ကျေးလက်အရောင်းဆိုင်ပေါင်း (၇၀၀)ကျော်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယခု ၂၀၁၉ခုနှစ်ကုန်တွင် ကျေးလက်အရောင်းဆိုင်ပေါင်း (၁,၀၀၀) အထိ ဖွင့်လှစ်ပေးရန်ရည်ရွယ်ထားသည်။

အူရီဒူးမြန်မာသည် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် အမျိုးသမီးများအတွက် အောင်မြင်မှု နှင့် အကျိုးသက်ရောက်မှုများ ရရှိစေသည့် ကျေးလက်အရောင်းဆိုင်များအား ဖွင့်လှစ်နိုင်ရန် မတည်ပေးခြင်းစီမံကိန်း ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ အခြေခံပညာအဆင့် သင်ကြားတတ်မြောက်ထားသော အမျိုးသမီးများကို ရွေးချယ်ပြီး ကိုယ်ပိုင်ကျေးလက်အရောင်းဆိုင်လုပ်ငန်းကို လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများကို အူရီဒူးမြန်မာက ဖော်ဆောင်ပေးပါသည်။ အူရီဒူးမှ ငွေကြေးပံ့ပိုးပေးခြင်း၊ စီးပွားရေးဆိုင်ရာဗဟုသုတများ၊ ဒီဂျစ်တယ် ဝန်ဆောင်မှုများ၊ ထုတ်ကုန်များ နှင့် ဒီဂျစ်တယ်ဗဟုသုတ တိုးပွားရေး အစရှိသော သင်တန်းများပို့ချပေးခြင်းဖြင့် အပြည့်အ၀ ပံ့ပိုးပေးခဲ့ပါသည်။ ကျေးလက်ဒေသနှင့် မြို့ပြနှင့် ဝေးကွာသော ဒေသအနီးတစ်ဝိုက်ရှိ အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ၊ သင်တန်းများ နှင့် ရေရှည်အကျိုးရှိစေသော ကိုယ်ပိုင်စီးပွာရေးလုပ်ငန်းများကို ဖန်တီးပေးခြင်းဖြင့် အမျိုးသမီးထုအတွက် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် လုပ်ပိုင်ခွင့်များအား အူရီဒူးက အဆိုပါအစီအစဉ်မှတဆင့် ဖော်ဆောင်ပေးခြင်းဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma က “မြန်မာနိုင်ငံတစ်ဝန်းရှိ ကျေးလက်ဒေသတွေက အမျိုးသမီး စီးပွားရေးစွန့်ဦးဆောင်ရွက်သူတွေနဲ့အတူ ရေရှည်အကျိုးပြုမယ့် ပူးပေါင်းဆောင်ရွက်မှုပုံစံကို ဖန်တီးဖော်ဆောင်ပေးလိုက်ပါတယ်။ အခုလုပ်ဆောင်ချက်ဟာဆိုရင် မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ အမျိုးသမီးများအတွက် နိုင်ငံတကာအဆင့်မီ ဒီဂျစ်တယ်အတွေ့အကြုံများ ပေးအပ်တဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်းများနဲ့ စွန့်ဦးတီထွင်လုပ်ကိုင်သူများ ပိုမိုများပြား လာဖို့လည်း လုပ်ဆောင်ပေးပါတယ်။ ကျွန်တော့်အနေနဲ့ ဒီအစီအစဉ်ကနေတဆင့် မြန်မာအမျိုးသမီးတွေရဲ့ နေထိုင်မှုပုံစံတွေ တိုးတက်လာမှာဖြစ်တဲ့အပြင် သူတို့ရဲ့ ပတ်ဝန်းကျင်ကိုလည်း နေထိုင်မှုပုံစံတွေတိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်မှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။” ဟုပြောကြားလိုက်ပါသည်။

ယခုအခါ အူရီဒူးမှ မြန်မာနိုင်ငံအနှံအပြားတွင် ကျေးလက်အရောင်းဆိုင်ပေါင်း (၇၀၀) ကျော်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ယခု ၂၀၁၉ခုနှစ်ကုန်တွင် ကျေးလက်အရောင်းဆိုင်ပေါင်း (၁,၀၀၀) အထိဖွင့်လှစ်ပေးနိုင်ရန် ရည်ရွယ်ထားပါသည်။ အူရီဒူးအနေဖြင့် မြန်မာအမျိုးသမီများကို ပိုမိုကောင်းမွန်သော အနာဂတ်ကိုပိုင်ဆိုင်ခွင့်ရရှိစေရန် လုပ်ပိုင်ခွင့်များကို ဆက်လက်ဖော်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

အူရီဒူးသည် အလားအလာရှိသော ဒီဂျစ်တယ်နည်းပညာများကို လမ်းဖွင့်ပေးခြင်း နှင့် မြန်မာအမျိုးသမီးများအတွက် လုပ်ပိုင်ခွင့်များကို ဖော်ဆောင်ပေးခြင်းဖြင့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များ (United Nation Sustainable Development Goals -SDGs) နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။