[Zawgyi]







[Unicode]

အူရီဒူး VIP တွင်ပါဝင်ပြီး Suzuki Swift ကားအသစ် ကံထူးရှင် ဖြစ်နိုင်မည့် နောက်ဆုံးအခွင့်အရေး

ဇွန်လ ၁၃ရက်နေ့တွင် အူရီဒူးမြန်မာသည် ဒုတိယမြောက် Suzuki Swift ကား ကံထူးရှင်အား ဆုပေးအပ်ချီးမြှင့်လိုက်ပါသည်။

အူရီဒူးမြန်မာသည် အူရီဒူး VIP ကံစမ်းမဲအစီအစဉ်တွင် ပါဝင်သည့် ဖြည့်တိုင်းပေါက်အစီအစဉ်၏ အမြင့်မားဆုံးဆုဖြစ်သည့် Suzuki Swift ကားသုံးစီး၏ ဒုတိယမြောက်ကား ကံထူးရှင်ကို ရွေးချယ်ကာ ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါ ဒုတိယအကြိမ်မြောက် Suzuki Swift ကားအသစ်ကံထူးရှင်မှာ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်မှ ကိုဇော်သီဟ ဖြစ်ပါသည်။

အဆိုပါ ဒုတိယမြောက် Suzuki Swift ကံထူးရှင်အတွက် ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ Central Point စင်တာတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ကံထူးရှင်၏ မိသားစု နှင့် မိတ်ဆွေသူငယ်ချင်းများ အတူတကွ တက်ရောက်ခဲ့ပြီး နိုင်ငံကျော်တေးသံရှင်ဇော်ပိုင်၊ အကအဖွဲ့များ နှင့် ရိုးရာကျောက်ဆည်ဆင်အကအလှ များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။

ကိုဇော်သီဟနှင့် မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်တွင် နေထိုင်သည့် ပထမအကြိမ်ကား ကံထူးရှင် ကိုထွဋ်ခေါင်တို့သည် My Ooredoo App ကို အသုံးပြုပြီး ငွေဖြည့်တိုင်း ရရှိသည့် အခမဲ့ဒီဂျစ်တယ်ခဲခြစ်ကံစမ်းမဲကတ်များမှ ခဲခြစ်ကံစမ်းကာ ကံထူးခဲ့ကြသူများ ဖြစ်ပါသည်။ အဆိုပါ My Ooredoo App ကို *565#ကို ခေါ်ဆို၍ လည်းကောင်း Google play Store / Apple App Store များတွင် လည်းကောင်း ဒေါင်းလုတ်ရယူနိုင်ပါသည်။ အဆိုပါ ကံစမ်းမဲအစီအစဉ်ကာလအတွင်း ဖုန်းငွေ ၁,၀၀၀ကျပ်ဖြည့်တိုင်း အခမဲ့ ဒီဂျစ်တယ် ကံစမ်းမဲခဲခြစ်ကတ်တစ်ကတ်ရရှိမည်ဖြစ်ပြီး ကတ်တစ်ကတ်စီတိုင်းသည် ကံထူးနိုင်မည့် အခွင့်အရေးများ ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma က “ကျွန်တော်တို့ရဲ့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေကို အခုလိုစိတ်လှုပ်ရှားဖွယ် အထူးအစီအစဉ်တွေနဲ့ ထိထိရောက်ရောက် ကျေးဇူးတုံ့ပြန်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုသုံးစွဲသူတွေဟာ အူရီဒူးနဲ့ဆိုရင် VIP တွေလို ခံစားရမှာဖြစ်ပါတယ်။ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အူရီဒူး VIP ဒီဂျစ်တယ်နည်းပညာအသုံးပြုပြီး ဆုချီးမြှင့်တဲ့ အစီအစဉ်အသစ်တွေကို ဆက်လက်စီစဉ်ပေးသွားဦးမှာ ဖြစ်ပါတယ်” ဟုပြောကြားလိုက်ပါသည်။

ယင်းအူရီဒူး VIP ကံစမ်းမဲအစီအစဉ်၏ နောက်ဆုံး Suzuki Swift ကားအသစ်၏ ကံထူးရှင်ကို ဇွန်လ ၁၈ ရက်နေ့တွင် မဲဖောက်ပေးသွားမည် ဖြစ်ပါသောကြောင့် ကံထူးရှင်ဖြစ်လာစေရန်အတွက် သုံးစွဲသူများအား ဆက်လက်ပြီး ကြိုးစားကံစမ်းကြရန် တိုက်တွန်းအပ်ပါသည်။ သို့ဖြစ်ပါ၍ ကံစမ်းနိုင်ရန်အတွက် အူရီဒူးမြန်မာ VIP တွင်ပါဝင်ပြီး ခဲခြစ်ကံစမ်းမဲကတ်တွေကို ရယူနိုင်ရန် *565#ကို ခေါ်ဆိုပြီး “My Ooredoo App” ကို ဒေါင်းလုတ်ရယူနိုင်မည် ဖြစ်ပါသည်။