ပြီးခဲ့တဲ့ ၂ ပတ်အတွင်း OpenSea မှာ NFTs ရောင်းအား ကျဆင်းနေတဲ့အတွက် NFTs or Non-fungible Token စုဆောင်းသူတွေ အသံတိတ်နေခဲ့ပါတယ်။ အရင်လတွေထက် စုစုပေါင်း ရောင်းအား နည်းနေပေမယ့် တချို့ စီမံကိန်းတွေဟာ ပြီးခဲ့တဲ့ ၁ ပတ်အတွင်းမှာ လူစိတ်ဝင်စားမှု မြင့်မားနေပါတယ်။

Dune Analytics က ထုတ်ပြန်တဲ့ ဒေတာအရ  ဒီလ ၁၄ ရက်နေ့ OpenSea မှာ Ehter(ETH) ရောင်းဝယ်မှုဟာ ဒေါ်လာ ၄၈ သန်းကနေ ၁၀၅ သန်းအထိ ရှိတယ်လို့ သိရပါတယ်။ လက်ရှိ စာရေးသားနေတဲ့အချိန်အထိ Ether ဒေါ်လာ ၆၃.၁ သန်းဖိုး ရောင်းဝယ်ထားကြပြီးပါပြီ။

OpenSea CEO used the platform's influence to create his own NFT. to promote  - CoinCu News

OpenSea မှာ ဒီလို ရောင်းအား ကောင်းလာတာဟာ Bored Ape Yacht Club(BAYC) NFTs တွေရောင်းအား ၉၀၀ ရာခိုင်နှုန်းကျော် တက်လာတာ၊ Mutant Ape Yacht Club လို စီမံကိန်းတွေ ရောင်းအား ၁,၀၀၀ ရာခိုင်နှုန်းကျော် တက်လာတာတွေနဲ့ ဆက်စပ်နိုင်ပါတယ်။

Jimmy Fallon လို နာမည်ကျော်ကြားသူတွေရဲ့ ဝယ်ယူမှုတွေ၊ မျက်နှာဖုံးမှာ Bored Ape ပါတဲ့ Limited-edition Rolling Stone Magazine ရောင်းချတာ၊ Universal Music Group က Kingship အမည်ရ Metaverse အခြေပြု Band တည်ထောင်တာတွေဟာလည်း ဒီစီမံကိန်းကို လူတွေ စိတ်ဝင်စားမှု မြင့်တက်လာတဲ့ အကြောင်းအရင်းတွေ ဖြစ်နိုင်ပါတယ်။

Ref : cointelegraph